Untitled Part 1

3 0 0
                                    

ဂျပန်မသွားချင်ပါဘူး အမေရိကား သွားချင်တာ...အမေရိကန်ကိုရူးသွပ်နေပေမယ့် အိမ်စီးပွားရေးကအဆင်မပြေ ပိုက်ဆံကမရှိတော့ ခဏခဏညည်းတွားနေမိတာပါ..အဲ့တာနဲ့ပဲ မဖြစ်ဘူးလေ အိမ်ကလဲ အဆင်မှမပြေတာ.. ဂျပန်ပဲ အရင်သွားလိုက်ပါမယ်။ဂျပန်ကိုပို့ပေးတဲ့ဂျပန်ကျောင်းကိုတတ်စာကတော့ပုံမှန်လေးလုပ်ဖြစ်နေတယ်ဂျပန်နဲ့ပတ်သက်တာတွေ ရှာဖွေတယ်ကျမက သီချင်းနားထောင်ရတာ ကြိုက်တော့ ဂျပန်သီချင်းတွေ youtube ကနေလိုက်ရှာတော့တာပေါ့အဲ့ဒီမှာ Revue Starlight ဆိုတဲ့ Teatre ပြဇာတ် လူတွေသရုပ်ဆောင်ထားတာတွေ့တယ်anime အနေနဲ့လဲ ထွက်ထားပါတယ် မှတ်မှတ်ရရ 2019 ခုနှစ်ပေါ့ကျမ အရမ်းကြိုက်သွားတယ် ထိုTeatreထဲမှာလဲ သီချင်းနဲ့သရုပ်ဆောင်တဲ့ အခန်းဆိုလဲ အများကြီး သီချင်းကြိုက်တဲ့ကျမနဲ့တော့ တွေ့ပြီလေအရမ်းတွေ crazy about တွေ ဖြစ်နေတာ​နေ့တိုင်း အဲ့သီချင်းတွေမှ နားမထောင်ရရင် ရူးမတတ်ပဲ ဂျပန်ရောက်ရင် သူတို့ကို သွားတွေ့မယ် မဖြစ်ဖြစ်အောင် သူတို့နားသွားမယ်ခံစားချက်တွေကို လောဘကြီးတယ်ေလာဘကြီးပြီး youtube မှာထပ်ရှာတယ်ဂျပန်စာတွေလဲ ပိုလုပ်လာတယ်အင်တာဗျူးအတွက် ကြိုးစားရင်းနောက်ထပ်....ကျမနှလုံးသားကို အရမ်းကိုပဲ စိတ်လှုပ်ရှားသွားစေတဲ့ လှည့်စားလိုက်တဲ့Idol group ကိုကျမ ရှာတွေ့ခဲ့တယ်နေ့တိုင်း သူတို့သီချင်းတွေ နားထောင်တယ် လိုက်ဆိုတယ် အချိန်တိုင်း စက္ကန့်တိုင်း ကသူတို့ကြီးပဲ ကျမကိုစိုးမိုးထားတယ် မိုးရွာတာကအစ အဖြစ်ပျက်တိုင်းက သူတို့မပါမဖြစ်ပဲအင်တာဗျူးအောင်သွားပြီးကံကောင်းတယ်ပြောရမလားအရန်ထဲက ပါသွားတာပါ...ဟုတ်ပီ ဂျပန်ကိုရောက်သွးာပြီခံစားချက်တွေ အရမ်းကို ပြင်းထန်လွန်းတယ်အရာရာတိုင်းက တက်ကြွမူ ရွှင်လန်းမူတွေ အပြည့်ပဲ ဂျပန်ဆိုတဲ့ အရာက ကျမအတွက် မျှော်လင့်ချက်တခု ဖြစ်လာခဲ့တယ်ဆရာ ဆရာမတွေက ချီးကျးူကြတယ် ဂျပန်စာတော်လို့ပေါ့ ကျမ ဂျပန်တယောက်ကို တွေ့တာနဲ့ anata(သင်)သီချင်းကြိုက်လားဘယ်သူ့ကိုကြိုက်လဲ idol ကြိုက်လားမေးမိတယ် ကျမလဲပြန်ပြောပြတယ်ကျမက idol ကြိုက်တယ်လို့ AKB48 နဲ့ HKT48 လို့ ပြောပြီး ဘယ်သူမှ နားမလည်နိုင်တဲ့နှာခမ်းဖျားမှာ ပီိတိအပြုံးတွေ မျှော်လင့်ချက်အပြုံးတွေ အရာရာတိုင်းက အဓိပ္ပာယ် ပြည့်စုံလှတယ် ...။#omhdeepfeelings

You've reached the end of published parts.

⏰ Last updated: Jun 27, 2022 ⏰

Add this story to your Library to get notified about new parts!

ကျမနှင့် IdolWhere stories live. Discover now