Zawgyi
"ဒီမှာ ဝမ်ရိပေါ် မင်းကိုယ့်ကို ကိုယ် သိပ်အထင်ကြီးမနေနဲ့ ကျန့်က တို့ကိုပဲချစ်တာ"
"အဲ့တော့ ဘာလုပ်ရမှာလဲ ကျနော်စိတ်မဝင်စားဘူး"
"မင်းက ရိုင်းတာပဲ အဲ့တာကြောင့်မို့ ကျန့်က ခမ်းခမ်းနားနားလက်မထပ်ခဲ့တာကိုး အဆင့်မှမရှိတာ"
ဒီစကားတွေ သူအမြဲကြားနေရတဲ့ ဒီစကားတွေ။သူမသိချင်ယောင်ဆောင်ထားလည်း အိမ်ကို တကူးတကလာလာပြောနေကြတာမို့ သူအတွက်တော့ရိုးနေခဲ့ပြီ။တစ်လကို သုံးရက်လောက်ခရီးထွက်ရတဲ့ ရှောင်းကျန့်ကြောင့် ယခု အဲ့လူအိမ်မှာမရှိ။ဒါကြောင့်မို့လည်း ဒီomegaတွေဟာ သူ့ကို စိတ်အနှောက်အယှက်လာပေးကြတာဖြစ်သည်။
ဒီနေ့တော့ သူ ဆေးရုံတက်နေရတဲ့ ပါးပါးစီသွားမှာမို့ ထိုလူတွေကို စကားပြန်မပြောတော့ဘဲ ပြင်ဆင်စရာရှိတာပြင်ဆင်ကာ ဆေးရုံသို့ ထွက်လာခဲ့သည်။
သီးသန့်လူနာဆောင်ထဲမှာ မေ့မြောနေတဲ့ပါးပါးကို ကြည့်ရင်း သူရင်တွေနာရပါသည်။ရှောင်းကျန့်က ကတိတော့တည်သည်။ ပြောထားတဲ့အတိုင်း ပါးပါးလူနာဆောင်ရှေ့မှာ စောင့်ရှောက်ဖို့ လူငါးယောက်ရှိနေသည်။
"ပါးပါး သားလာတယ်ပါးပါးရဲ့ ပါးပါးအတွက် အသီးတွေယူလာတယ်"
ပါးပါးအနားမှာနေပြီး ညနေဘက်လောက်ကျတော့ သူလည်း အိမ်ပြန်လာခဲ့သည်။အိမ်ထဲမှာတော့ ဘယ်သူမှမရှိ အိမ်အကူတွေတောင် နေ့ခင်းဘက်အလုပ်လုပ်ပြီး ညနေခြောက်နာရီလောက်ဆိုရင် အလုပ်သမားတန်းလျားကို ပြန်ရသည်။အိမ်တော်ထိန်းတစ်ဦးသာ ကျန်ရှိပြီး ထိုလူကလည်း သူကိုဆိုအမြဲအော်ငေါက်တတ်သည်။ရှောင်းကျန့်ရှေ့မှာ ကောင်းပြသလောက် နောက်ကွယ်မှာဆိုရင် အစေခံတွေကအစ သူ့ကိုမလေးစားကြ။
သူအခန်းထဲရောက်တော့ ရေချိုးကာ အဝတ်အစားလဲလိုက်သည်။ပြီးနောက်အောက်ကိုဆင်းလာတော့ အိမ်တော်ထိန်းလျန်က အစားအစာတွေပြင်ဆင်ထားတာမို့ စားပွဲခုံမှာ ဝင်ထိုင်လိုက်သည်။အစားစားမို့ ပြင်လိုက်သော်လည်း အိမ်တော်ထိန်းလျန်က
"သခင်မကြီးက ဒါတွေကို သခင်လေးစားလို့မရဘူးလို့ပြောပါတယ်"