Stupi Dubi Du

1.3K 123 12
                                    

" ဂျယ်မင်း မင်းအမေက မင်းကိုဘာလို့မွေးခဲ့တာလဲသိလား "

" ဘယ်လိုလုပ်သိမှာလဲ "

" ငါနဲ့ ရည်းစားဖြစ်ဖို့လေ ခိခိခိ "

မျက်မှန်အဝိုင်းကလေးကို လက်တစ်ဖက်က ပင့်တင်ရင်း ဂျယ်မင်းက လက်ထဲက ဘောပင်နဲ့ ဂျဲနိုရဲ့ နဖူးကို တိန်ခနဲ မြည်အောင် ခေါက်ပစ်လိုက်တယ် ။

အီဂျဲနိုက သူငယ်ချင်းကောင်းပါ ။
တကယ်ကို သူငယ်ဂျင်းကောင်း ။
တစ်ချိန်လုံး အေးအေးချမ်းချမ်းသူငယ်ချင်းဖြစ်လာပြီး လွန်ခဲ့တဲ့တစ်လက ရုတ်တရက် ငါကမင်းကိုကြိုက်တယ်ဆိုတဲ့ စကားတစ်ခွန်းကနေ စလိုက်တာ တစ်နေ့တစ်နေ့ ဘယ်ကဘယ်လိုတတ်လာမှန်းမသိတဲ့ အီစီကလီစကားတွေကို နေ့တိုင်းကို နာဂျယ်မင်းက နားထောင်နေရတော့တယ် ။

တစ်ချိန်လုံးဆိုတာက တကယ်တော့ တစ်ချိန်လုံးမဟုတ်ဘူး ။
သူတို့နှစ်ယောက်က အထက်တန်းနောက်ဆုံးနှစ်မှ ကျောင်းတူတာ ။ အခုက တက္ကသိုလ်ပထမနှစ်ပြီးခါနီးဆိုတော့ နှစ်နှစ်ကျော်ရုံလောက်ကလေး ရှိသေးတယ် ။

ထားပါ အဲ့တာတွေ ။
ပြောတဲ့အတိုင်း တက္ကသိုလ်ပထမနှစ်က ပြီးခါနီးလေ ။
တစ်နှစ်လုံး စာမလုပ်ထားတော့ စာမေးပွဲအတွက် ဖင်ထောင်ပြီးစာလုပ်ရင်တောင် မလုံလောက်တာကို ဂျဲနိုက တစ်နေ့တစ်နေ့ နာဂျယ်မင်းရဲ့ သမာဓိအားတွေကို လာလာစမ်းနိုင်လွန်းတော့တာပဲ ။

" စာလုပ်စမ်းပါ ဟေ့ကောင် ။
ထပ်ပြီး အာချောင်နေမယ်ဆို အိမ်ပေါ်ကဆင်းတော့ "

" ဒါက ငါ့အိမ်လေ "

" ..... "

" ..... "

ပြောစရာစကားတွေ ခဏပျောက်သွားသလိုမျိုး ဂျယ်မင်းက ဂျဲနိုကိုကြည့်တယ် ။
ဂျဲနိုက ဂျယ်မင်းကိုပြန်ကြည့်တယ် ။
တဖြည်းဖြည်းနဲ့ နာဂျယ်မင်းရဲ့ မျက်နှာက ဒေါသကြောင့် ခရမ်းချဉ်သီး .... သီး .. သီးး

" အီ ဂျဲ နို !! "

စကားမှားသွားမှန်းသိတော့ ဂျဲနိုက လက်အုပ်ကလေးချီပြီး ဂျယ်မင်းရှေ့မှာ ဒူးကလေးထောက်လို့ ။
အဲ့လို‌ဆိုတော့ ထူးထူးဆန်းဆန်းလည်းမဟုတ်ဘူး သူတို့ကနှစ်ယောက်လုံး ကြမ်းခင်းပေါ် စာထိုင်လုပ်နေတာဖြစ်ပြီး ဂျဲနိုက ခြေထောက်ညောင်းလို့ဆိုရင်း ဒူးထောက်ထိုင်နေတာ ခုနကတည်းက ။
အခုမှသာ ဂျယ်မင်းရှေ့ ရောက်လာတာ ။

Hey Stupid , I LOVE YOU !! || NoMin Where stories live. Discover now