Lilac Unicode

968 86 25
                                    

တချို့​​​သော ယုံတမ်းပုံပြင်​တွေဟာ ယုံတမ်းသက်သက်။ တချို့​သော ဒဏ္ဠာရီ​တွေက သူတို့မှန်ကန်​ကြောင်းကို ဘက်လိုက်​ရွေးချယ်ပြီး ပြ​ပေးတတ်ကြတယ်။ Lilac ပန်းက​လေးဟာလည်း သူ့ရဲ့​မှော်ဝင်သတ္တိကို ကံ​အ​ကောင်းဆုံး​သောလူတချို့အတွက်ပဲ ထုတ်သုံး​ပေးတတ်တယ်ထင်ပါရဲ့။ အချစ်ဦးနှင့် ထာဝရအတူရှိ​နေနိုင်မယ်ဆိုတဲ့ဒဏ္ဠာရီက သူ့အတွက်​တော့ ယုံတမ်းပုံပြင်သက်သက်လား​လေ။

...............................................

"ဦး​လေးကြီး..ဦး​လေးကြီးရဲ့ အချစ်ဦးအ​ကြောင်း​ပြောပြပါလား"

အထက်​တန်း​ကျောင်းသူက​လေးတစ်​ယောက်က သူတို့​ကျောင်းဆီသို့ ကျန်းမာ​ရေးဆိုင်ရာလာ​ရောက်​ဟော​ပြောသည့် ကျန်းမာ​ရေးပညာရှင်တစ်​ဦးအား ပြုံးစစနှင့်​မေးသည်။ ထို​ကျောင်းသူ၏​မေးခွန်းကို အတန်းတစ်တန်းလုံးကလည်း အား​ပေး​​ထောက်ခံကြသည့်သ​ဘော ဆူညံသံများထွက်​ပေါ်လာ၏။

က​လေးမ၏ ပုံစံက အ​ကြောက်အလန့်မရှိဟန်။ သိလိုစိတ်များပုံရ​ပေမဲ့ ထိုသိလိုစိတ်​တွေက ပညာ​ရေးဘက်တွင်​တော့ အသုံးချခံရခြင်းမရှိ​ကြောင်း ယ​နေ့မနက်က ဆူဆူပူပူ​ပြော​နေသည့် အတန်းပိုင်ဆရာ၏စကားများအရသိသာပါသည်။

သို့​သော် Jisung မှာ​တော့ ထိုက​လေးမ​လေးတို့တစ်သိုက်ကို ရယ်​မောပြုံးရွှင်စွာဖြင့်သာ သ​ဘောတကျရှိ​နေမိ၏။ သူသည်လည်း ထိုက​လေးများအရွယ်က ဆရာများ၏မျက်စိဆံပင်​မွှေးအဆူးခံ လူတန်းစားပင်ဖြစ်ခဲ့သည်မဟုတ်လား။

အတိတ်​​ကြေးမုံပြင်ကိုမြင်​တွေ့ရသကဲ့သို့ ဖြစ်​နေသည်​ကြောင့် ကျန်းမာ​ရေးပညာ​​ပေး​ဟော​ပြောရာတွင်အသုံးပြုခဲ့သည့် အ​​​ထောက်အကူပစ္စည်းများကို ​နေရာတကျသိမ်းဆည်းရင်း အတန်းကို​ဝေ့ဝဲပြုံးကြည့်​နေမိသည်။

"ကျွန်​တော့်အချစ်ဦးလား။ အချစ်ဦး​အ​ကြောင်းက ​ပြောမယ်ဆို​ပြောလို့ကုန်မှာမဟုတ်ဘူးဗျ။"

သူ့စကားကို ​ကျောင်းသူ​ကျောင်းသားများက​တော့ သ​ဘော​တွေ့ဟန်မတူ။ စိတ်ဝင်စားစရာပုံပြင်တစ်ခုခု ​ပြောပြ​ပေးမည်ကိုသာ ​​မျှော်လင့်​နေကြခြင်းဖြစ်လိမ့်မည်။

LILAC || MinSung ONE SHOT||Where stories live. Discover now