Zawgyi
" ခင်ဗျား ကားကို စက်ပူအောင်အရင်မလုပ်ဘူးလား ?"
ရှန်ချင်းရှု တိုးတိုးလေးမေးလိုက်တယ်။ဟန်ချောင် : ကားကိုစက်ပူအောင်လုပ်ရမယ်??
ရှန်ချင်းရှု ခေါင်းညိတ်ပြလိုက်တယ်။ နိုဗယ်တွေထဲမှာဆိုရင် ကားမမောင်းခင် အရင်ဆုံးကြိုတင်ပြင်ဆင်ဖို့လိုသေးတယ်လေ။ ကားစက်ပူလာတဲ့အချိန်ကိုရောက်မှ ကားအသစ်လေးရဲ့ပထမဆုံးခရီးလမ်းက ချောမွတ်နေမှာပေါ့။
ဟန်ချောင်က တွေးတွေးဆဆနဲ့ပြန်မေးလိုက်တယ်။
"ကားစက်ပူလာအောင် ဘယ်လိုလုပ်ရမှာလဲ"
"ခင်ဗျား ကျွန်တော့်ကို မနမ်းဘူးလား ?"
ရှန်ချင်းရှု ရှက်စိတ်တွေကို ဝေးဝေးပို့ပြီးပြောလိုက်တယ်။"ကျွန်တော့်ကို သတိမကပ်နိုင်လောက်တဲ့အထိနမ်းလေ ဒါမှ ခင်ဗျားစပြီးမောင်းတဲ့အချိန် ကျွန်တော်သတိမထားမိမှာ"
ဟန်ချောင်:....
ဟန်ချောင်ကတော့ ရှန်ချင်းရှုမှာတောင်းဆိုချက်တွေအရမ်းများနေပြီလို့ သတိပြုမိသွားတယ်။ တကယ့်ကို ကားအသစ်လေးပီသတာပဲ။ သူက အရမ်းကိုဖြူစင်ရိုးသားနေပြီး အနမ်းနဲ့အစပြုဖို့တောင် တွေးနေသေးတယ်။
"ငါက မင်းရဲ့ရည်းစားမဟုတ်ဘူးလေ"
ဟန်ချောင် အေးစက်စက်လေသံနဲ့ပြောလိုက်တယ်။"ငါတို့က ချစ်သူစုံတွဲတွေမဟုတ်ဘူး ဒရိုက်ဘာနှင့်ကားရဲ့ကြားမှာ ကာမကိစ္စအတွက်ပဲလိုအပ်ချက်တွေပဲ ရှိရမှာမဟုတ်ဘူးလား မင်းကအရမ်းကိုရိုးသားလွန်းနေတယ်! "
“ဒါဆို အတွေ့အကြုံရင့်ဒရိုက်ဘာတွေက ကားကိုစက်နွေးအောင်မလုပ်ဘဲ ဒီတိုင်းမောင်းကြတာလား "
"ဒါပေါ့ "
ဟန်ချောင်က အတွေ့အကြုံရင့်တစ်ယောက်လိုမျိုး မျက်နှာကိုမော်ချီပြီးပြောလိုက်တယ်။
"မင်းလိုမျိုးအသစ်လေးကပဲ ဒီလိုဖြူစင်တဲ့တောင်းဆိုချက်တွေ လုပ်တတ်တာ ငါ့လိုဒရိုက်ဘာဟောင်းတွေက အဲလိုမျိုး မလိုအပ်တဲ့ကိစ္စတွေကို မလုပ်တတ်ဘူး အဓိကနေရာကို ချက်ချင်းသွားပြီးထိုးဖောက်ဝင်ရောက်မှာ"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer