Chapter (5) ဒီလို ပူပြင်းမွန်းကြပ်စေတဲ့အချစ်မျိုး!

12.9K 1.9K 166
                                    


Zawgyi

ရှန်ချင်းယွီက သူ့ရဲ့မြင်ကွင်းထဲမှထွက်ခွာသွားတဲ့ ရှန်ချင်းရှုကိုမျက်စိတစ်ဆုံးကြည့်နေခဲ့ပြီးမှ ရိုးသားဖြူစင်တဲ့မျက်နှာအမူအယာက ရက်စက်ပြီးသွေးဆာနေတဲ့ပုံစံသို့ချက်ချင်းပြောင်းလဲသွားခဲ့တယ်။ သူက အံ့ကိုတင်းတင်းကြိတ်ကာ နှုတ်ခမ်းပေါ်မှာလဲ လှောင်ပြုံးတစ်ခုကိုချိတ်ဆွဲထားခဲ့ပြီး ခေါင်းကိုငုံ့ပြီး ရှုချီအတွက် လက်ဖက်စိမ်းအနုပညာပြကွက်ကို စတင်ပြုလုပ်တော့တယ်။

ရှုချီတစ်ယောက် အပြင်ကိုထွက်ဖို့အဆင်သင့်ဖြစ်နေပြီး ဖိနပ်လဲစီးဖို့လုပ်နေချိန်မှာ ရှန်ချင်းယွီရဲ့ Wechatမှပေးပို့လာတဲ့စာကိုမြင်လိုက်ရတယ်။

ရှန်ချင်းယွီ : [ အကိုချီ ကျွန်တော့်အကိုကတော့ ထွက်သွားပြီနော် အကိုရော သွားနေပြီလား ]

ရှန်ချင်းယွီ :[ ကျွန်တော့်အကိုက ဝေဖန်ပိုင်းခြားနိုင်စွမ်းအရမ်းညံ့ပြီး အမှိုက်ဆန်ဆန်,ဆန်ကုန်မြေလေးကောင်နဲ့လည်း အတူနေခဲ့ဖူးတယ်ဆိုပေမယ့်လည်းလေ .. နောက်ပြီး သူ့ကိုယ်သူ အကိုထက်အဆပေါင်းများစွာသာတယ်လို့တွေးနေတယ်ဆိုပေမယ့်လည်း သူကသိပ်ပြီးမတွေးခေါ်တတ်သေးလို့ပါ ..အခုတော့ သူလည်း သင်ခန်းစာတွေရနေလောက်ပါပြီ အခုဆို သူ့ရဲ့ရည်းစားဆီကစွန့်ပစ်ခံလိုက်ရပြီး အကိုနဲ့ဒိတ်ဖို့ကြိုးစားနေပြီပဲလေ ကျွန်တော့်အကိုက သူ့ရည်းစားဟောင်းထားခဲ့တာခံလိုက်ရလို့ နှစ်ရက်လုံးလုံးငိုနေခဲ့တာဆိုတော့ .. နောက်တစ်ခါထပ်ပြီး အိမ်ကိုငိုပြီးပြန်လာတာမျိုးထပ်မတွေ့ချင်တော့လို့ပါ သူ့အတွက်ခက်ခဲတဲ့အချိန်တွေဖြစ်နေတာဆိုတော့ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦးနော်]

ထိုစာကို ရှုချီမြင်လိုက်ရတော့ အေးစက်စွာနဲ့နှာခေါင်းရှုံ့လိုက်မိတယ်။ ရည်းစားဟောင်းစွန့်ပစ်တာခံလိုက်ရလို့ သူ့ဘက်ကိုလှည့်လာတာပေါ့လေ ? သူက အစားထိုးသုံးလို့ရတဲ့ကောင်မျိုးမို့လို့လား?

ဒါ့အပြင် ရှန်ချင်းရှုရဲ့အရင်ရည်းစားက ဆင်းရဲပြီး အမှိုက်သာသာကောင်လည်းဖြစ်နေသေးတယ်။ ဒါကိုတောင် သူက လမ်းမခွဲချင်ဘဲ ငိုနေခဲ့သေးတယ်ပေါ့ ။ သူ့အမှားကိုတောင် သတိမထားမိဘူးလား ?

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now