Chapter (11) သူ့ရဲ့နဖူးကို နူးနူးညံ့ညံ့လေးအနမ်းပေးလိုက်မယ်

10.9K 1.5K 43
                                    

Zawgyi


ရှန်ချင်းရှု ရေးပြီးပြီးချင်းပဲ ဒုတိယမြောက်အပိုင်းကို ထပ်တင်လိုက်ပြန်တယ်။ ထိုအချိန်မှာပဲ သူ့ရဲ့အကောင့်ကို သူငယ်ချင်းအဖြစ် တောင်းဆိုချက်တစ်ခုရောက်နေတာကိုမြင်လိုက်ရတယ်။ ရှန်ချင်းရှု ဖွင့်ကြည့်လိုက်တော့ အက်ဒီတာရွှေငါးအဖွဲ့က သူ့ရဲ့စာအုပ်ကို လက်မှတ်ထိုးဝင်ရောက်ချင်နေတာကိုတွေ့လိုက်ရတယ်။

ရှန်ချင်းရှု စိတ်လှုပ်ရှားစွာနဲ့ ဝင်ရောက်ခြင်းကိုလက်ခံလိုက်ပြီး အက်ဒီတာနေရာမှာပေါင်းထည့်လိုက်တယ်။

( ET/n က ဒါကို raw ထဲကပြန်ထားတာလို့ပြောထားပါတယ်)

ရွှေငါး :[ လေးစားရသော စာရေးသူရေ .. ကျွန်တော်က အက်ဒီတာရွှေငါးပါ .. ကျွန်တော် ခင်ဗျားရဲ့စာအုပ်သစ် "အဲဒီည"ဆိုတာကို မြင်ပြီးပါပြီ .. အဲဒီစာအုပ်က အရမ်းကိုကောင်းမယ့်စာအုပ်လို့မြင်မိပါတယ် ..ခင်ဗျား ကျွန်တော်တို့နဲ့ သဘောတူစာချုပ်တစ်ခုလောက် လက်မှတ်ထိုးချင်စိတ်များရှိမလား? { ချစ်စရာကောင်း}]

4S စတိုးဆိုင်ပိုင်ရှင် : [ ကျွန်တော်ဆန္ဒရှိပါတယ် အဲဒီစာချုပ်ကို ကျွန်တော်ကြည့်ပြီးလို့ ပြသနာမရှိရင် လက်မှတ်ထိုးကြတာပေါ့]

4S စတိုးဆိုင်ပိုင်ရှင် ဆိုတာက ရှန်ချင်းရှုရဲ့ တိုတိုနဲ့လိုရင်းကိုထိမိစေတဲ့ ကလောင်နာမည်ပဲ။ ကားစတိုးပိုင်ရှင်က ကားတွေကိုပိုင်ဆိုင်ရုံတင်မကဘူး ရောင်းပါရောင်းသေးတယ်လေ။

ရွှေငါး:[ ရတာပေါ့ ခင်ဗျားကြည့်နိုင်ပါတယ် တကယ်လို့ပြသနာတစ်စုံတစ်ရာမရှိဘူးဆိုရင် ခင်ဗျားရဲ့နာမည်ကို လက်မှတ်ထိုးပေးပါ မေးစရာရှိရင်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ် ]

ရှန်ချင်းရှု ဖိုင်တွဲတစ်ခုကို လက်ခံရရှိလိုက်ပြီး သူ့ရဲ့အက်ဒီတာကို စာပြန်လိုက်ကာ ထိုစာချုပ်ကိုသေသေချာချာဖတ်ရှုလိုက်တယ်။

သူစာချုပ်ကိုဖတ်ရှုပြီးနောက် လက်မှတ်ထိုးပြီးချိန်မှာတော့ သူ့ရဲ့ ကောမန့်ဧရိယာထဲမှာ ဒါဇင်နဲ့ချီတဲ့ ကောမန့်တွေရောက်နေတာကိုတွေ့လိုက်ရတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now