Zawgyi
ဒါက သူတို့ရဲ့ခံစားချက်တွေ နက်ရှိုင်းလွန်းတယ်လို့ပြနေတာပဲ! ကောင်းမွန်တဲ့ကိစ္စပဲလေ!
သူမ စိတ်ဓာတ်ကျစွာနဲ့ ဖုန်းကိုစားပွဲပေါ်သို့တင်လိုက်ပြီး တံခါးပေါက်ကိုလှမ်းမျှော်ကြည့်လိုက်တော့ ရှန်ချင်းယွီပြန်လာတာကိုမြင်လိုက်ရတယ်။
" ဘာဖြစ်လို့လဲ မားမား ?.. မားမားကိုကြည့်ရတာ အရမ်းဖျော့တော့နေသလိုပဲ"
ရှန်ချင်းယွီက သူမရဲ့ဘေးနားမှာထိုင်ပြီး သနားညှာတာပုံလေးနဲ့ပြောလိုက်တယ်။
"ဘာမှမဟုတ်ပါဘူး"
ရှန်မားမားကပြန်ဖြေလာတယ်။"ဒါနဲ့ မင်းရဲ့အကိုဘယ်နေရာမှာရောက်နေလဲဆိုတာသိလား ဥပမာ ဘယ်နေရာမှာလဲ ဘယ်သူနဲ့အတူရှိနေတာလဲဆိုတာမျိုးလေ"
ရှန်ချင်းယွီလည်း မသိဘူးလေ။ ရှန်ချင်းရှုထွက်သွားပြီးကတည်းက သူ Wechatကနေ စာတွေအများကြီးပို့ခဲ့ပေမယ့် ရှန်ချင်းရှုက စာမပြန်ခဲ့ဘူး။ သူက သူ့(ရှန်ချင်းယွီ)ကို စကားပြောချင်ကြောင်းသိသာနေတဲ့အတွက် သူလည်း ထပ်ပြီးစာမပို့ဖြစ်တော့တာ။အခုတော့ မားမားရှန်က သူ့ကိုလာမေးနေပြီ။ သူမက သူမရဲ့သားအရင်းကို ခုချိန်ထိလက်မလျှော့နိုင်သေးတဲ့ပုံပဲ။
" ကျွန်တော်လည်းသေချာမသိပါဘူး ဒါပေမယ့် သူ့ရည်းစားဟောင်းနဲ့အတူရှိနေလောက်မယ်ထင်တယ်"
ရှန်ချင်းယွီက ရှန်ချင်းရှုဘက်ကို ညစ်ပတ်တဲ့ရေတွေနဲ့ တိတ်တဆိတ်လောင်းပေးလိုက်တယ်။" ကျွန်တော့်အကိုက သူ့ကိုအရမ်းကြိုက်တာဆိုတော့ ခုချိန်ထိမစွန့်လွှတ်နိုင်သေးဘူးထင်ပါရဲ့"
ရှန်မားမား သက်ပြင်းချလိုက်မိတယ်။
" သူပြန်မလာတဲ့အပြင် သူငယ်ချင်းရပ်ဝန်းမှာ သူပျော်နေတယ်လို့တင်ထားတာကိုမအံ့သြတော့ဘူး .. ဘာကြောင့်များအဲလိုအမှိုက်ကောင်ကို သူအရမ်းကြိုက်နေရတာလဲ!"
ရှန်ချင်ယွီ ထိုစကားကိုကြားတော့ ဖုန်းကိုထုတ်ပြီး သူငယ်ချင်းရပ်ဝန်းထဲက ရှန်ချင်းရှုရဲ့လှုပ်ရှားမှုတွေကိုဝင်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့အခြေအနေက သူ့ကိုစိတ်ရှုပ်ထွေးသွားစေတယ်။ ဒါဖြစ်နိုင်လား? ရှန်ချင်းရှု ကတကယ်ကြီး လီဟွေ့ကိုသွားရှာနေတာလား?

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer