Zawgyi
ဟန်ချောင်ကတော့ ရယ်မောခြင်းမရှိခဲ့ဘူး။
( T/n _ ဒီဘဲကြီးက သူ့ဘေဘီနဲ့တွေ့ရင်တော့ အမြဲတမ်းပြုံးဖြီးနေတာပဲနော် :3)ပြောရမယ်ဆိုရင် လူတွေက သူ့ကိုစိတ်ကူးယဉ်ဆန်တတ်တယ် ၊လိင်စိတ်ဆန္ဒများလွန်းတယ်လို့ ဘာလို့တွေးကြတာလဲဆိုတာ သူမသိဘူး။ ဆန့်ကျင်ဘက်ဖြစ်စွာနဲ့ သူက ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးသလို ဘယ်သူတစ်ဦးနဲ့မှလည်းအိပ်ခဲ့ဖူးတာမျိုးမရှိဘူးလေ။ ရှန်ချင်းရှုတစ်ဦးတည်းကသာ သူနဲ့အိပ်ယာကိုဝေမျှသုံးစွဲပြီး ကားအတူမောင်းခဲ့ဖူးတဲ့လူပဲ။ ဒါကလည်း သိပ်ပြီးကြာသေးတာမဟုတ်ဘူးလေ။ ဒီတော့ လူတွေရဲ့ပါးစပ်ထဲမှာ သူကဘာလို့ရိုမန်တစ်ဆန်ပြီးတဏာရာဂကြီးမားတဲ့လူဖြစ်နေရတာလဲ။
သူထိုအကြောင်းကိုတွေးကြည့်မှ တဖြေးဖြေးနဲ့ ပြသနာအရင်းခံကိုပြန်လည်မှတ်မိလာခဲ့တယ်။ အဲဒါက ယန်ကျင်းယွီအမြဲလိုလိုပြောလေ့ရှိတဲ့စကားကြောင့်ပဲ။
"ရှောင်ချောင် မင်းကအရမ်းကိုစိတ်ကူးယဉ်ဆန်ပြီး ကြင်နာတတ်တဲ့လူပဲ" တဲ့။
သူထိုသို့ပြောလိုက်ပြီးကတည်းက လူတွေကလည်းတဖြည်းဖြည်နဲ့ သူက(ဟန်ချောင်)က ထိုသို့သောလူမျိုးဖြစ်ကြောင်းယူဆလာကြတာ။
ဟန်ချောင် သူ့လက်ထဲကဖန်ခွက်ကို ပြန်ချလိုက်တယ်။ ယန်ကျင်းယွီဘာလို့ပြန်လာတာလဲဆိုတာကို သူနားမလည်သေးဘူး။ နိုင်ငံခြားမှာက မကောင်းဘူးလား ။ သူဘာလို့အဲမှာဆက်မနေရတာလဲ။
ယင်မင်ယောင်ကတော့ တခြားလူတွေနဲ့ ခေါင်းစဉ်အသစ်ကိုပြောင်းပြောနေခဲ့ပြီ။ ဟန်ချောင် သူတို့ရဲ့စကားတွေကိုနားထောင်ပြီး တစ်ခွန်းတစ်လေလောက်ကိုဝင်ပြောရင်းနဲ့ (12)နာရီထိုးတော့မှာကိုမြင်တော့ အိမ်ပြန်ချိန်ရောက်ပြီလို့တွေးလိုက်တယ်။
ရှန်ချင်းရှုကတော့ တံခါးဖွင့်သံကြားတဲ့အချိန်ထိ စာရေးနေတုန်းပဲ။ ထိုတံခါးဖွင့်သံက ဟန်ချောင်ပြန်လာတာဖြစ်မယ်လို့ သူ ယူဆလိုက်တယ်။
ထင်ထားသလိုပဲ ခဏအကြာမှာတော့ သူ့ရဲ့အိပ်ခန်းတံခါးပေါက်မှာ ဟန်ချောင့်ကိုမြင်လိုက်ရတယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer