Chapter (16) သူ ချင်းရှုကိုကြိုက်နေတာပဲဖြစ်ရမယ်!

10.4K 1.4K 80
                                    

Zawgyi


" ကျွန်တော်ကတော့ ချင်းရှုရဲ့လက်ရှိရည်းစားက အရမ်းကောင်းတယ်လို့ထင်တာပဲ ချင်းရှုနဲ့ကျွန်တော်ကလည်း သူငယ်ချင်းကောင်းတွေဖြစ်နိုင်တယ်လေ ကျွန်တော်တို့က ဘလိုင်းဒိတ်အနေနဲ့ထပ်တွေ့တော့မှာမဟုတ်ဘူး ..နောက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်ကမှ ချင်းရှုနဲ့မထိုက်တန်တဲ့သူပါ "

ရှုချီရဲ့စကားကိုကြားတော့ ရှန်ပါးပါးတစ်ယောက် ထိုလူငယ်က ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးပြောနေတယ်လို့တွေးလိုက်တယ်

“ မင်းက ဘာလို့မထိုက်တန်တဲ့သူဖြစ်ရမှာလဲ ? သူကမှ မင်းရဲ့ကောင်းမွန်တဲ့အခြေအနေနဲ့မကိုက်ညီတဲ့သူလေ"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး"
ရှုချီ ငြင်းဆန်လိုက်တယ်။

"သူက ပိုကောင်းတဲ့လူနဲ့ထိုက်တန်တာပါ"

ဟန်ချောင်လိုလူမျိုးနဲ့ပေါ့!

ရှုချီရဲ့ပုံစံကိုကြည့်ရင်းနဲ့ ရှန်ပါးပါးတစ်ယောက် သူတို့စီစဉ်ထားတဲ့လက်ထပ်ပွဲကြီးက ကျဆုံးသွားပြီဆိုတာကိုသိရှိလိုက်ပြီး မျက်ခုံးတွေကို သိသိသာသာကို တွန့်ကွေးသွားလေတယ်။

"ဒါနဲ့ ချင်းရှုရော"
ရှုချီဆက်မေးလိုက်တယ်။

"ကျွန်တော် သူ့ကိုလာတွေ့တာ"

ထိုစကားကြောင့် ရှန်ပါးပါးရဲ့မျက်ခုံးနှစ်ဖက်က ပြန်လည်ပြေလျော့သွားတယ်။
"မင်းသူ့ကိုမမုန်းဘူးလား"

"ဘာလို့မုန်းရမှာလဲ .. ကျွန်တော်ကဒီကို ချင်းရှုဆီအကူအညီတောင်းစရာရှိလို့လာခဲ့တာ ကျွန်တော် သူနဲ့သူငယ်ချင်းတောင်လုပ်ချင်နေတာကို"

"သူ့ဆီကအကူအညီတောင်းမယ်ဟုတ်လား"
ရှန်ပါးပါးကတော့ နားမလည်နိုင်ဘူး။

"သူက မင်းအတွက်ဘာလုပ်ပေးနိုင်မှာမို့လို့လဲ"

"ဟုတ်သားပဲ"

ရှန်မားမားကလည်း ဝင်မေးလာတယ်။

" မင်း လူမှားပြီးပြောနေတာများလား တကယ်ဆို ရှောင်ယွီကမှ မင်းအတွက်အကူအညီဖြစ်စေလောက်သေးတယ်လေ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now