Zawgyi
အိမ်ထောင်ရေးအကြမ်းဖက်မှုဇာတ်ဝင်ခန်းဟုတ်လား ? သေချာပေါက် ချစ်ကြည်နူးနေတဲ့ဇာတ်ဝင်ခန်းကြီးဟ!
"သေချာပေါက် မင်းအကြောင်းကိုတွေးနေတာပေါ့"
ဟန်ချောင် ကားစက်ကိုဖြည်းညှင်းစွာနှိုးလိုက်တယ်။"ကိုယ်မင်းနဲ့ ကလေးတွေကိုလွမ်းနေတာ ဒါကိုပြောမှ ကိုယ်တို့ရဲ့ကလေးတွေနာမည်ကို စာဖတ်သူတွေသိပြီးပြီလား"
ရှန်ချင်းရှု :.... သူကိုသတ်ပစ်လိုက်ကြပါတော့! ဒါမှမဟုတ်လည်း သူ့အနားမှာရှိနေတဲ့လူတိုင်းကိုသတ်ပေးကြပါ!
"ဘယ်လောက်လှတဲ့နာမည်လေးတွေလဲ တစ်ခါလောက်ကြားရုံနဲ့တင် သူတို့အဖေက သူတို့ကိုဘယ်လောက်ချစ်လဲဆိုတာ ခံစားလို့ရတယ် သူတို့ရဲ့အဖေရင်းပေးတဲ့နာမည်လေ!"
ရှန်ချင်းရှု : .... ခင်ဗျားက သူတို့အဖေရင်းမဟုတ်ဘူး! ခင်ဗျားနဲ့မထိုက်တန်ဘူးနော်!
ရှန်ချင်းရှုနောက်တစ်ကြိမ်စိတ်ဓာတ်ကျသွားရပြန်တယ်။
ညစာစားဖို့ဖိတ်ထားတဲ့နေရာက ယင်မင်ယောင်တို့မိသားစုပိုင်တဲ့စားသောက်ဆိုင်ပဲ။ ဟန်ချောင် နှင့် ရှန်ချင်းရှုတို့က မလာသေးခင်မှာအနည်းငယ်လောက်အချိန်ဆွဲနေခဲ့သေးတာကြောင့် သူတို့ရောက်ရှိသွားချိန်မှာ အလုပ်ခရီးကြောင့်မလာနိုင်တဲ့ ကျိုးကျင်းမင်ကလွဲရင် လူတိုင်းရောက်ရှိနေခဲ့ပြီ။
ယင်ကျားယွီရဲ့ဘေးကထိုင်ခုံကတော့ ခုချိန်ထိ နေရာလွတ်နေဆဲပဲ ။ သေချာပေါက်ဟန်ချောင့်အတွက်ချန်ထားဟန်တူတယ်။
ဒါပေမယ့် လူတိုင်းကိုအံ့သြသင့်စေတာကတော့ ဟန်ချောင်က ရှန်ချင်းရှုကိုပါခေါ်လာတာကြောင့်ပဲ။
"လောင်ဟန် ဒါက.."
ဝူယန်းကအရင်မေးလာခဲ့တယ်။"သူငယ်ချင်း"
ဟန်ချောင်က အပြုံးနဲ့ပြန်ဖြေလာပြီး လူသုံးယောက်လုံးကို ရှန်ချင်းရှုအကြောင်းမိတ်ဆက်ပေးလာတယ်။ရှန်ချင်းရှုကတော့ ယဉ်ကျေးသိမ့်မွေ့တဲ့အပြုံးကိုမျက်နှာပေါ်မှာချိတ်ဆွဲထားလေရဲ့။
"ဟယ်လို"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer