20.လက်ဖက်စိမ်းကို ကြာပန်းဖြူပုံစံနဲ့ထိုးနှက်မယ်

10K 1.5K 139
                                    

Zawgyi


ဟန်ချောင်က သူကိုယ်တိုင်ဘာမှဝင်မပြောဘဲ ခေါင်းကိုငုံ့ကာ ကြိတ်ပြီးရယ်မောနေခဲ့လေတယ်။

ယန်ကျားယွီ:....

ယန်ကျားယွီတစ်ယောက် သူ့ရဲ့မျက်နှာပေါ်ကအပြုံးကိုထိန်းထားနိုင်ဖို့မနည်းကြိုးစားလိုက်ရတယ်။

"ငါမလုပ်ချင်လို့တော့မဟုတ်ရပါဘူး ဒါပေမယ့် သူငါ့အတွက်လုပ်ပေးတာကို အကျင့်ဖြစ်နေခဲ့လို့နဲ့တူတယ်"

"အမှန်ပဲ"
ရှန်ချင်းရှုပုစွန်တွေအကုန်လုံးကို သူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်တယ်။

"ဒီတော့ အကိုက အမှီအခိုကင်းကင်းနဲ့နေတတ်ဖို့လိုနေတာပဲ  အခု ကိုယ့်ဘာသာကိုယ်အခွံချွတ်ကြည့်လိုက်လေ"

ယန်ကျားယွီက တစ်ဖက်လူထိုသို့လုပ်လိမ့်မယ်လို့မထင်ထားခဲ့မိဘူး။ သူခနလောက်ကြောင်အမ်းစွာထိုင်နေပြီးမှ အပြုံးနှင့်ပြန်မေးလိုက်တယ်။

"ရှောင်ရှန် မင်းဒေါသထွက်နေတာလား"

" ဒေါသထွက်စရာ ဘာကိစ္စရှိနေလို့လဲ"
ရှန်ချင်းရှု ပေါ့ပေါ့ပါးပါးနဲ့ပြန်မေးလိုက်တယ်။

" အကို အမှီအခိုမရှိဘဲမရပ်တည်နိုင်ခဲ့ရင်လည်း ကျွန်တော်နဲ့မှမဆိုင်တာ ကျွန်တော်က အကို့ရဲ့မိဘလည်းမဟုတ်ဘူးလေ ဘာလို့စိတ်ဆိုးရမှာလဲ?"

ဘယ်သူက အမှီအခိုကင်းတဲ့အကြောင်းကိုပြောနေလို့လဲကွ!

"တကယ်လား ငါက ရှောင်ချောင် ငါ့အတွက်နှစ်တွေအကြာကြီးပုစွန်အခွံခွာပေးခဲ့တယ်ဆိုပြီး ပြောလိုက်မိလို့ မင်းစိတ်ဆိုးသွားတယ်ထင်မိတာ"

“ဘယ်ဟုတ်ပါ့မလဲ"
ရှန်ချင်းရှု ဖြူစင်ရိုးသားစွာပြုံးပြီး ပြန်ပြောလိုက်တယ်။

"သူက busကားပေါ်မှာလည်း အသက်ကြီးတဲ့လူတွေ အားနည်းတဲ့လူတွေ၊ ကျန်းမာရေးချွတ်ယွင်းနေတဲ့လူတွေနှင့် မသန်စွမ်းတွေ(အိုနာကျိုးကန်း)အတွက် နေရာဖယ်ပေးတတ်တယ်လေ..ဒီတော့ လူ့အဖွဲ့အစည်းထဲက အားနည်းတဲ့လူတွေကို သူဂရုစိုက်ပေးတတ်တာကို ကျွန်တော်နားလည်ပါတယ်"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now