Zawgyi
ရှန်ချင်းရှု သူ့ရဲ့ခေါင်းကိုတဘက်နဲ့သုတ်လိုက်ပြီး ဟန်ချောင့်အခန်းထံသို့သွားကာ စောင်အောက်ကိုဝင်လိုက်တယ်။ မနက်ဖန်ကို(6)နာရီ ကျောင်းရှေ့မှာတွေ့မယ်ဆိုတဲ့ကိစ္စကတော့ သူသွားပါမယ်လို့ပြောခဲ့မိလို့လား။
သူက လီဟွေ့လို မနက်(9)နာရီထက်ပိုပြီးအိပ်တတ်တဲ့ အမှိုက်ကောင်မျိုးက (6)နာရီမတိုင်ခင်ချိန်းထားတဲ့နေရာသို့ရောက်လာနိုင်လားလို့တွေးမိခဲ့ရုံပဲ။
ဒါပေါ့။ သူသာ (6)နာရီ အရောက်သွားမယ်ဆိုရင် မနက်(5)နာရီလောက်ထက်ပိုစောပြီးထမှရလိမ့်မယ်။ အဲဒီဆိုင်ကမဖွင့်သေးဘူးဆိုရင် အေးစက်စက်လေတွေကြားထဲမှာ သူတံခါးပေါက်နားမှာ မတ်တပ်ရပ်စောင့်နေရလိမ့်မယ်။ ဒါက အမှိုက်လိုကောင်တွေအတွက် အကောင်းဆုံးကုသနည်းပဲလေ။
ဟန်ချောင် ကိုယ်လက်သန့်စင်ပြီးပြန်လာချိန်မှာတော့ ရှန်ချင်းရှုတစ်ယောက် အိပ်ယာပေါ်မှာလှဲလျောင်းပြီး ဖုန်းသုံးနေတာကိုမြင်လိုက်ရတယ်။ သူခုတင်ပေါ်တက်ပြီး စောင်ကို ဆွဲခြုံလိုက်တော့ ရှန်ချင်းရှုက သူ့ရဲ့အိပ်စက်ခြင်းကိုနှောက်ယှက်မယ့်သူတွေထံမှ ကာကွယ်ဖို့ရန် ဖုန်းကိုပါဝါပိတ်လိုက်ပြီး ဘေးကိုလှမ်းတင်လိုက်တယ်။
"မီးပိတ်လိုက်တော့လေ"
သူဟန်ချောင်ကိုလှမ်းပြောလိုက်တော့ ဟန်ချောင်ကလက်ကိုမြှောက်ပြီး မီးပိတ်ပေးကာ သူ့ကိုပွေ့ဖက်လာတယ်။
"အိပ်ရအောင်"
"အင်း"
ရှန်ချင်းရှု တစ်ဖက်လူရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး တင်းကြပ်နေအေင်ပြန်လည်ပွေ့ဖက်လိုက်တယ်။ဒါနဲ့ လီဟွေ့က ဘာလို့သူ့မှာနောက်တစ်ယောက်ရှိနေတဲ့အကြောင်းကိုပြောသွားတာပါလိမ့် ?
ရှန်ချင်းရှု သံသယအချို့နဲ့တွက်ဆကြည့်လိုက်တယ်။ ရှန်ချင်းယွီ သူ့ကိုပြောလိုက်တာများလား?နောက်ဆုံးမှာတော့ ရှန်ချင်းယွီက ဒီညမှာပိုက်တံတစ်သိန်းဆုံးရှုံးသွားတဲ့လူလေ။ ဒီတော့ရှန်ချင်းယွီလိုလက်ဖက်စိမ်းကောင်မျိုးက အလွယ်တကူလက်လျှော့မှာတဲ့လား။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer