Zawgyi
"မင်းဘာလို့ ပြုံးနေရတာတုန်း"
ဟန်ချောင် နားမလည်နိုင်စွာမေးလိုက်တယ်။"ဘာမှမဟုတ်ပါဘူး သွားချက်လိုက်တော့လေ ကျွန်တော်ဗိုက်ဆာနေပြီ"
" ဒါဆို မနက်ဖန်အိမ်မှာနေပြီး ကိုယ့်ကိုစောင့်နေဖို့မမေ့နဲ့နော်"
“ကျွန်တော်သိပါတယ် မနက်ဖန်အိမ်မှာစောင့်နေမယ်"
သူ့ရဲ့ပုံစံလေးကိုမြင်တော့ ဟန်ချောင်တစ်ယောက် တစ်ဖက်လူက အတော်လးကောင်းမွန်တာပဲလို့မတွေးဘဲမနေနိုင်ဘူး။ နေ့ဘက်တွေမှာဆိုရင် သူက အိမ်မှာနေပြီး တစ်ရက်လုံးစာတွေရေးနေပြီး ညဘက်မှာဆိုရင်တော့ သူနဲ့အတူ ကားမောင်းထွက်သေးတယ်လေ။ သူက သူ့ရဲ့တာဝန်တွေကိုရော သူချစ်မြတ်နိုးတဲ့အရာတွေကိုပါကြိုးကြိုးစားစားလုပ်နေခဲ့တာပဲ။ ဘယ်တော့မှလည်း ပျင်းရိနေတာမျိုးရှိမနေခဲ့ဘူး။
အရမ်းကိုအံ့ချီးဖွယ်ရာ ကိုယ်ပိုင်ကားလေးပဲ။ ဟန်ချောင်ထိုကားလေးကို နောက်ထပ်နှစ်ဝက်ကိုလည်း ဆက်လက်အသုံးပြုဖို့ဆုံးဖြတ်လိုက်တယ်!
ဟန်ချောင် ချက်ပြုတ်ဖို့စတင်နေတာကိုမြင်တော့ ရှန်ချင်းရှုလည်းအခန်းထဲကိုပြန်ဝက်ပြီး အပိုင်းသစ်ထပ်တင်ဖို့ ရေးသားတော့တယ်။ ဟန်ချောင်ရဲ့ဟင်းပွဲတွေအဆင်သင့်ဖြစ်သွားချိန်မှာတော့ မွှေးပျံ့တဲ့ဟင်းရနံ့တွေကြောင့် ရှန်ချင်းရှုတစ်ယောက် တစ်ဖက်လူရဲ့အခေါ်ကိုမစောင့်နိုင်တော့ပဲ မီးဖိုခန်းထဲကိုဝင်ပြီး ပြောလိုက်တယ်။
"ကျွန်တော် ဟင်းပွဲတွေကူပြီးစားပွဲပေါ်ချပေးမယ်"
"လိမ်မာနေတယ်ပေါ့လေ"
ဟန်ချောင် သူ့ထံသို့ ပန်းကန်တစ်ချပ်ကမ်းပေးလိုက်တယ်။"ဒါဆို ပြီးသွားရင် ကိုယ့်ကိုကူပြီးပန်းကန်ဆေးပေးဦး"
" ပျော်စရာကောင်းသားပဲ ခင်ဗျားကျွန်တော့်ကို ကူဆေးပေးမလား"
ဟန်ချောင် ရှန်ချင်းရှုရဲ့နဖူးကို ခပ်ဖွဖွပုတ်လိုက်တော့ ရှန်ချင်းရှုနှာမှုတ်လိုက်ပြီး ပန်းကန်တွေကိုစားပွဲဆီသယ်သွားလိုက်တယ်။ ကျန်ရှိနေတဲ့ပန်းကန်တွေကိုတော့ ဟန်ချောင်ပဲသယ်ဆောင်ကာ ရှန်ချင်းရှုရဲ့နောက်မှ လိုက်သွားခဲ့လေရဲ့။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer