(28.2)ချင်းချင်းမှာဘယ်လိုရည်ရွယ်ချက်ဆိုးမှ ရှိစရာအကြောင်းမရှိဘူး

8.4K 1.4K 71
                                    

Zawgyi

(အပိုင်းသစ်မစခင် အရင်တစ်ပိုင်းက ကျန်ခဲ့တဲ့ Noteလေးကို ဒီမှာဖတ်သွားကြပါဦး

ဟန်ပါးပါးက သူ့ရဲ့နောက်လာမယ့်သားသမီးတွေပေးထားတဲ့နာမည်မှာ မယ်ရီဆူးနဲ့ဂျက်ဆူးကတော့ ပြောပြီးသားဆိုပေမယ့် Killing Matt နဲ့ Chunni Disease တို့ကိုမသိတဲ့သူတွေရှိဦးမှာပေါ့

Killing Matt ဆိုတာက 'I love Kill Matt ' ဆိုတဲ့ဇာတ်ကားကနေ နာမည်ကြီးလာတဲ့ အင်တာနက်ဗန်းစကားမျိုးဖြစ်မယ်ထင်တယ်
နောက်ပိုင်းမှာ သူ့ကိုလွတ်လပ်တယ်၊ ဖက်ရှင်ကျတယ် ၊စတိုင်မိတယ်ဆိုတဲ့အနေနဲ့ အသုံးပြုတဲ့စကားလုံးပါ (google ကနေသွားမွှေထားတာမလို့ မှားနေရင်လည်း ထောက်ပြသွားကြပါဦး)

Chuuni disease ကတော့ Japan animeတွေကြည့်တဲ့သူတွေဆိုသိပါလိမ့်မယ်
အတိုချုပ်ပြောရရင်တော့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်ကိုကိုယ် စွမ်းအားတစ်မျိုးမျိုးပိုင်ဆိုင်တယ်လို့ထင်မှတ်တာမျိုး ၊ လုပ်နိုင်စွမ်းရှိတယ်လို့ထင်ယောင်ထင်မှားဖြစ်တဲ့ စိတ်နဲ့ဆိုင်တဲ့ရောဂါမျိုးပါ
ဒီ Chuuni ဆိုတဲ့စကားလုံးက နောက်ပိုင်းမှာ မကြာခဏပါလာမှာမလို့ မှတ်ထားပေးဦးနော်
ကဲ စကြတာပေါ့)

ရှန်ချင်းရှု သောက်လိုက်မိတဲ့ဝိုင်ကို ပြန်လည်ထွေးထုတ်လိုက်မိလုနီးပါးပဲ။ ဒါပေမယ့် သီးသွားတာကိုတော့ မရှောင်လိုက်နိုင်တာကြောင့် အချိန်အတန်ကြာတဲ့အထိ ချောင်းဆိုးနေခဲ့တယ်။

ဟန်ချောင်လက်ကိုမြှောက်လိုက်ပြီး ရှန်ချင်းရှုရဲ့နောက်ကျောကိုပုတ်ပေးလိုက်တယ်။
"မင်းဘာလို့ ဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲ ကြည့်ရတာ အဲဒါကမင်းကိုစိတ်ကျေနပ်စေတဲ့ပုံပဲ"

ရှန်ချင်းရှု ခေါင်းကိုလှည့်ပြီး ထိုအမျိုးသားကိုစိုက်ကြည့်လိုက်တယ်။
" ဒီလိုဖန်တရာတေနေတဲ့ CEOဇာတ်ရုပ်မျိုးနဲ့လာမပြောစမ်းပါနဲ့  ဟုတ်ပြီလား?!"

"မင်းကျတော့ နောက်တစ်ယောက်ကိုကြည့်ခွင့်ရှိပြီး ကိုယ်ကတော့ အဲဒါကိုထောက်ပြခွင့်မရှိဘူးပေါ့"
ဟန်ချောင်ရယ်မောပြီး ဆက်ပြောလိုက်တယ်။

ရှန်ချင်းရှုတစ်ယောက် အပြစ်ရှိစိတ်ကိုခံစားမိသွားရတယ်။

သူက အလျှင်အမြန်ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"ကျွန်တော်က လှည့်ပတ်ကြည့်ရုံပါပဲ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now