Zawgyi
"မင်းကရော သူကအဲလိုလူမျိုးဆိုတာ ဘာလို့သေချာသလိုပြောနေရတာလဲ"
ဝူယန်း ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်တယ်။"ကျားယွီ ငါဒီလိုမျိုးမပြောချင်ပေမယ့် မင်းပြည်ပကိုထွက်သွားပြီး ဘာလို့ဒီလိုပုံစံမျိုးနဲ့ပြန်ရောက်လာရတာလဲ? မင်း ရှန်တိတိကို တစ်ခါနှစ်ခါလောက်ပဲတွေ့ဖူးသေးတာလေ ဘာလို့ သူက ရိုးသားမှုမရှိတဲ့လူလို့ထင်ရတာလဲ"
"ဒါဆို မင်းကရော သူနဲ့အကြိမ်နည်းနည်းလောက်ပဲတွေ့ဖူးသေးတာကို ဘာလို့သူ့အပေါ်ဒီလောက်တောင်ယုံကြည်ပြီးကာကွယ်ပေးနေရတာလဲ?"
“ ငါကသူ့ကိုကာကွယ်ပေးနေတာမဟုတ်ဘူး ငါကလောင်ဟန်ကိုယုံကြည်တာ .. မင်းအနေနဲ့ရှန်တိတိကိုမယုံဘူးဆိုရင်တောင် လောင်ဟန်အပေါ်မှာတော့ယုံကြည့်သင့်တယ်လို့မထင်ဘူးလား? လောင်ဟန်က ငတုံးမဟုတ်ဘူး.. တခြားလူတွေက သူ့ကိုလိုချင်တာလား သူ့ရဲ့နောက်ခံကိုလိုချင်တာလားဆိုတာကို သူမသိနိုင်ဘူးလို့ထင်နေတာလား?"
“သူကမတန်ဘူးလေ! သူဌေးလက်သစ်ရဲ့သားကများ .. ဟန်ချောင်နဲ့အတူရှိနေဖို့ ဘယ်လိုအရည်အချင်းတွေရှိနေလို့လဲ?!"
"မင်းရဲ့စကားအတိုင်းဆိုရင် ဟန်ချောင်က သူ့အကိုနဲ့ပဲအတူနေမှရတော့မယ် မဟုတ်ရင် သူ့လိုအချမ်းသာဆုံးလူရဲ့သားက ဘယ်သူနဲ့မှထိုက်တန်မှာမဟုတ်တော့ဘူး သူဘယ်သူနဲ့ပဲအတူတူရှိရှိ ဆင်းရဲမွဲတေနေတဲ့လူတွေလျော့ချပေးဖို့ထောက်ပံ့တာမျိုး ၊ ဒါမှမဟုတ် ဆင်းရဲငတ်မွတ်နေတဲ့သူလျော့ချဖို့ရည်ရွယ်နေတာဖြစ်နေတော့မှာပဲ"
( Brocest တွေသဘောကျသော ထရန့်စလိတ်တာလေး : ဟီးဟီး )
ယန်ကျားယွီ:....
ယန်ကျားယွီကတော့ ထိန်းချုပ်မရနိုင်လောက်အောင်ဒေါသထွက်နေပြီ!
ပုံမှန်အချိန်တွေမှာ မင်းက စကားကိုရည်ရည်မွန်မွန်ပြောတတ်တဲ့သူလို့ ဘယ်လိုမှမပြောနိုင်တော့ဘူး!
ငါနဲ့စကားများတော့မှ ဒီလိုပုံစံကိုထုတ်ပြတယ်ပေါ့လေ!
ဒါက ဝက်မကြီး ဘရာဝတ်သလိုပဲ__ တစ်စုံပြီးတစ်စုံပေါ်လာတယ်!
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantastik_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer