(32.1) ကျွန်တော်က အမြဲတမ်း ခင်ဗျားတစ်ယောက်တည်းပိုင်တဲ့ ပြိုင်ကားလေးဖြစ်နေမှာပါ

8.3K 1.3K 103
                                    

Zawgyi

T/n__ မနက်ဖန် တစ်နေကုန်လုံးအားမှာမဟုတ်တဲ့အတွက် စောစောတင်ပေးလိုက်တယ်နော်

See ya Monday


ဟန်ချောင် သက်ပြင်းရှိုက်လိုက်ပြီး ဆန်းယွဲ့ဇယ်ထံသို့စာပြန်လိုက်တယ်:

[သေချာပေါက်မဟုတ်ဘူးပေါ့ကွ တကယ်ငါ့ရဲ့သူငယ်ချင်း]

ဆန်းယွဲ့ဇယ်: [ကောင်းပြီ နောက်တစ်ခေါက်ကျရင် ငါနဲ့တွေ့ဖို့ခ်ါခဲ့လေ သူသာ အလားအလာလောက်မယ်ဆိုရင် မင်းနဲ့ဆက်ဆံရေးကို စဉ်းစားပေးပြီး စာချုပ်ချုပ်ဖို့လျှော့ပေါ့ပြင်ဆင်ပေးမယ်]

ဒါဆိုရင်တော့ သေချာပေါက် စာချုပ်ကိုအများကြီးပြောင်းလဲရလိမ့်မယ်လို့ ဟန်ချောင်စိတ်ထဲကနေတွေးတောလိုက်တယ်။

သူ အလုပ်တွေစမလုပ်ရသေးခင် ဆန်းယွဲ့ဇယ်နဲ့အချိန်အတန်ကြာအောင်စကားပြောနေလိုက်သေးတယ်။

သူ ရှန်ချင်းရှုကိုခုချိန်ထိ ရုပ်ရှင်မရိုက်စေချင်သေးဘူးဆိုပေမယ့် ရှန်ချင်းရှုကစိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်နေပြီလေ။ ဒီတော့ သူမသိတဲ့လူထံသို့လက်လွှဲပေးရမှာထက် သူနဲ့ရင်းနီးပြီးသားလူဆီ ပို့ထားရမှာကပိုပြီးကောင်းလိမ့်မယ်။ အနည်းဆုံးတော့ အဲဒီလမ်းက အခက်အခဲလျော့နည်းသွားစေမှာပဲ။

ဒါက ယန်ကျားယွီနဲ့ကိစ္စကိုကူညီပေးခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်တာလို့သဘောထားလိုက်လို့လည်း ရတာပဲ။

ရှန်ချင်းရှုကတော့ ဟန်ချောင်သူ့အတွက်ကူညီဖို့လုပ်နေတဲ့ကိစ္စတွေကို  ဘာတစ်ခုမှမသိလေဘူး။ လက်ရှိမှာ သူက ချောင်ဟန်နဲ့ဆုချင်းတို့ တစ်ယောက်နဲ့တစ်ယောက်သဝန်တိုနေတဲ့အကြောင်းကိုရေးသားနေခဲ့တာဖြစ်တယ်။

ထိုအချိန်မှာပဲ ရှန်မူ(ရှန်မားမား)ထံမှဖုန်းဝင်လာခဲ့တယ်။

ရှန်ချင်းရှုကဖုန်းမကိုင်လိုက်တာကြောင့် သူမက Wechatမှစာပို့ပြန်တယ်။

[ရှောင်ရှု အမေ နေမကောင်းဘူး မင်းကိုတွေ့ချင်လို့ပြန်လာခဲ့ပါလား]

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now