(35) ဟန်ချောင် ယန်ကျားယွီကို ပြစ်တင်ရှုံ့ချစကားဆိုလိုက်ပြီ

8.3K 1.4K 127
                                    

Zawgyi


"နမ်းတဲ့အခန်းလိုမျိုးကတော့ ဆက်ထားသင့်တယ်လားလို့"
ကျိုးကျင်းမင် အပေးအယူလုပ်ကြည့်လိုက်တယ်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? သူက ရှန်ချင်းရှုကိုတခြားလူနဲ့ မနမ်းခိုင်းနိုင်ဘူးလေ။ သူကဘယ်လိုများ ရှန်ချင်းရှုကိုတခြားလူနဲ့နမ်းခိုင်းရမှာလဲ!

ဒါ့အပြင် ရှန်ချင်းရှုကိုလည်း သူကောင်းကောင်းကြီးသိတယ်လေ!

သူက နမ်းတာတွေဖက်တာတွေကို တော်တော်ကြီးသဘောကျတာကို။ သူတို့တွေအိမ်မှာရှိနေတဲ့အချိန်တိုင်း သူအမြဲတမ်း သူ့ကိုနမ်းရှိုက်နေတတ်တာလေ။ တကယ်လို့ တခြားလူနဲ့နမ်းတဲ့အချိန် တစ်ဖက်လူရဲ့အနမ်းစကေးတွေက ပိုကောင်းတယ်ဆိုတာ ရှာတွေ့သွားခဲ့မယ်ဆိုရင် သူ(ရှန်ချင်းရှု)က တစ်ဖက်လူနဲ့ပဲဆက်ဆံရေးတည်ဆောက်ပြီး သူ့ရဲ့ကားဂိုဒေါလေးမှာ နေရာလွတ်လေးပဲကျန်ခဲ့တော့မယ်ဆိုရင်ရော?

ဒီတော့ ဟန်ချောင် တုံ့ဆိုင်းမှုနည်းနည်းလောက်တောင်မရှိဘဲငြင်းဆန်လိုက်တယ်။

"မရဘူး အနမ်းတွေက ခံစားချက်ကိုဖြစ်ပေါ်စေမယ် ဒါကိုမင်းတာဝန်ယူနိုင်မှာလား"

"အနမ်းတစ်ခုက ဘယ်လိုလုပ်ပြီး အလွယ်တကူခံစားချက်ဖြစ်ပေါ်စေမှာလဲ"

“ မင်းက ခံစားချက်တွေ မတိုးတက်စေနိုင်ဘူးပေါ့ ဒါပေမယ့် သူတို့တွေမဖြစ်သွားနိုင်ဘူးလို့ မင်းအာမခံနိုင်လို့လား"

ကျိုးကျင်းမင်:...ဘယ်သူက အဲလိုဟာမျိုးကိုအာမခံနိုင်မှာတုန်း?

"ဒီတော့ ဖျက်သင့်တယ်ဆိုရင် ဖျက်လိုက်တော့"

"တကယ်လို့ သူကမဖျက်ချင်ဘူးဆိုရင်ရော"

"မင်းသူ့ကိုဖျောင်းဖျနိုင်လိမ့်မယ်လို့ ငါယုံတယ်"

ကျိုးကျင်းမင်:....

“တကယ်လို့ သူအဲလိုဇာတ်ဝင်ခန်းမျိုး ရိုက်ကူးချင်တယ်ဆိုရင်ရော"

" မင်း အဲဒီအတွေးတွေကို ဖယ်ထုတ်နိုင်မယ်ဆိုတာသေချာပါတယ်"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now