(36)တချို့ကတော့တစ်ညလုံး ပူလောင်စွာနဲ့အိပ်စက်မရဖြစ်နေချိန်မှာ တချို့ကတော့ ...

8.3K 1.3K 48
                                    

Zawgyi

တချို့ကတော့တစ်ညလုံး ပူလောင်စွာနဲ့အိပ်စက်မရဖြစ်နေချိန်မှာ တချို့ကတော့ စိတ်အေးလက်အေးနဲ့အိပ်ပျော်နေလေရဲ့

ယန်ကျားယွီ ဒေါသတကြီးအော်ဟစ်လိုက်တယ်။

"ငါကမနာလိုဖြစ်ရမယ်ပေါ့! ငါမင်းကိုစေတနာနဲ့ သတိပေးနေတာ သူ့ကိုတကယ်ကြီးကောင်းလွန်းတယ်လို့မထင်နဲ့ သူကခွေးမတစ်ကောင်လိုပဲ မင်းသာသူ့ကိုလွှတ်ပေးထားရင် မင်းဆီက လိမ်ညာယူသွားလိမ့်မယ်!"

"သူသာဆိုရင် ငါ့ကိုလိမ်မယ်ဆိုလည်း ခွင့်ပြုပေးထားမှာ"
ဟန်ချောင် တစ်ဖက်လူရဲ့စိတ်ကို ထပ်ပြီးဆွပေးလိုက်တယ်။

ယန်ကျားယွီ ဒေါသတကြီးနဲ့ သွားတွေကို ဖိခြေလိုက်မိပေမယ့် ပြန်လည်ငြင်းခုန်နိုင်စွမ်းမရှိတော့တာကြောင့် မုန်းတိုင်းတစ်ခုလိုမျိုး အရှိန်ပြင်းစွာနဲ့လှည့်ထွက်သွားလေတယ်။

စောင့်နေလိုက်စမ်းပါ မင်းမကြာခင်ဖောက်ပြန်ခံရပြီး ငိုနေရလိမ့်မယ်!

သူမင်းကို တကယ်ကြီးကြိုက်တယ်လို့ထင်နေတာလား ? မင်းသူနဲ့အချိန်အကြာကြီးအတူရှိသွားနိုင်လိမ့်မယ်လို့ ထင်နေတာလား?

သူကတော့ မယုံကြည်ဘူး ။ သူသာ ရှန်ချင်းရှုဆီကိုသွားပြီး သံသယသစ်ပင်စိုက်ပျိုးလိုက်ရင် ရှန်ချင်းရှုက ဟန်ချောင့်ကို အတိုက်အခံတွေ မလုပ်ပဲနေနိုင်ပါ့မလား?!

ဘယ်သူက သူ့ရဲ့ရည်းစားကို စိတ်ကူးယဉ်ဆန်ပြီး ရာဂစိတ်ထကြွလွန်းတဲ့သူ (one night standတွေအများကြီးရှိခဲ့တဲ့သူ)ဖြစ်စေချင်မှာလဲ။ မင်းရဲ့အချစ်စစ်က ပြောင်းလဲမသွားနိုင်ဘူးဆိုတာသေချာလို့လား?

သူကတော့ ရှန်ချင်းရှုမှာ အဲလောက်ထိယုံကြည်ချက်တွေရှိနေလိမ့်မယ်လို့ မယုံကြည်ဘူး။ ရှန်ချင်းရှုက ဟန်ချောင်နဲ့ သူတို့ရဲ့ခံစားချက်တွေအပေါ်မှာ ယုံကြည်မှုရှိနိုင်ပါ့မလား။

သူက ဟန်ချောင့်ကို ချစ်တာမဟုတ်ဘူး။သူ့ရဲ့ပိုက်ဆံနဲ့အဆင်အတန်းကြောင့် ကပ်တွယ်နေတာပဲဖြစ်လိမ့်မယ်။

ယန်ကျားယွီ ရယ်မောလိုက်တယ်။ ဒီလိုဆိုမှတော့ သူ ဟန်ချောင့်ကိုနောင်တရလောက်အောင် ပစ်မှတ်ထားလိုက်မယ်!

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now