(41.1)သူမက ရှန်ချင်းရှုကိုကြိတ်ကြွေနေပြီးတော့ သူမရဲ့ရည်းစားဖြစ်စေချင်နေတာ!

7.2K 1.2K 125
                                    


Zawgyi


ရှန်ချင်းရှု ရိုက်ကွင်းမှာ ခဏလောက်ကြာအောင်ထိုင်နေခဲ့ပြီးမှ ကျိုးကျင်းမင်နဲ့အတူ နေ့လည်စာစားဖို့ထွက်သွားလေတယ်။

နေ့လည်စာစားပြီးနောက် ရှန်ချင်းရှုနဲ့ကျိုးကျင်းမင်တို့ အတူပြန်လာခဲ့ကြတယ်။ သူတို့တွေ သူတို့ရဲ့ဟိုတယ်တံခါးနားကိုရောက်လို့ တံခါးသော့ကို ကတ်နဲ့စကင်ဖတ်ဖို့ပြင်ဆင်လိုက်တယ်။ ဒါပေမယ့် သူခေါင်းငုံ့ကြည့်လိုက်ချိန်မှာပဲ တံခါးအောက်မှာရှိတဲ့ အက်ကြောင်းထဲမှ အဖြူရောင်မြွေလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်။

ရှန်ချင်းရှု:....

ရှန်ချင်းရှု သူ့ရှေ့မှာရှိနေတဲ့မြွေလေးကို ထိတ်လန့်စွာကြည့်လိုက်မိတယ်။ ထိုမြွေဖြူလေးက အထဲကိုဝင်ခါနီးဖြစ်နေရာမှ သူမရဲ့ခေါင်းကိုပြန်လည်ရုပ်သိမ်းလိုက်ပြီးရင် သူ့ကိုလှည့်ကြည့်လာတယ်။ ခေါင်းသေးသေးလေးကတော့ အပေါ်ကိုဦးမော့ထားလေရဲ့။

ရှန်ချင်းရှု:....

"ထပ်ပြီး ...ထပ်တွေ့ပြန်ပြီ"
ရှန်ချင်းရှု တုံ့ဆိုင်းစွာနဲ့ ထိုအဖြူကောင်လေးကိုနှုတ်ဆက်စကားဆိုလိုက်တယ်။

ထိုသေးငယ်တဲ့မြွေဖြူလေးကတော့ အလွန်အမင်းပျော်ရွှင်နေတဲ့ပုံပဲ။ သူမက ကိုယ်ကိုပြန်လှည့်ပြီး သူ့ရဲ့ခြေထောက်ရှိရာဘက်ကို လျှင်မြန်စွာလှည့်ပတ်ကာ ခြေထောက်ပေါ်သို့ရစ်ပတ်ပြီးတက်လိုက်လေတယ်။

ရှန်ချင်းရှု ထိုမြွေရဲ့တွယ်တက်လာမှုအပေါ်မှာ သိပ်ပြီးမကြောက်လန့်တော့ဘူး။ သူက အေးဆေးစွာနဲ့ခါးကိုင်းလိုက်ပြီး မြွေကို သူ့ခြေထောက်မှခွာကာအဝေးသို့ဖယ်လိုက်ဖို့ လုပ်လိုက်တယ်။

ဒါကိုမြင်တော့ ထိုမြွေဖြူလေးက သူ့ရဲ့အမြီးကို ရှန်ချင်းရှုရဲ့လက်ကောက်ဝတ်မှာတွယ်ချိတ်လိုက်ကာ သူမရဲ့ခေါင်းနဲ့ ရှန်ချင်းရှုရဲ့လက်မောင်းကိုပွတ်သပ်လိုက်တယ်။

"သူမင်းကိုသဘောကျနေတဲ့ပုံပဲ"
ကျိုးကျင်းမင် မှတ်ချက်ပေးလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now