Zawgyi
သူမက ရှန်ချင်းရှုကိုကြိတ်ကြွေနေပြီးတော့ သူမရဲ့ရည်းစားဖြစ်စေချင်နေတာ! (2)
သူတို့ဝင်လာတာကိုမြင်တော့ ရှန်ချင်းရှုအလျှင်အမြန်သူ့ရဲ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်တယ်။ ဒီတော့ သူ့ရဲ့လက်ပေါ်မှာရှိနေတဲ့မြွေဖြူပေါက်စလေးက ပိုင်ရွှယ်ကောရဲ့မြင်ကွင်းရှေ့မှောက်မှာပေါ်လာခဲ့တယ်။
ပိုင်ရွှယ်ကော သူ့ရဲ့သမီးလေးကို အလျှင်အမြန်လက်လွှဲယူလိုက်ပြီး ရှန်ချင်းရှုကိုလှမ်းပြောလိုက်တယ်။
"ကျေးဇူးပါပဲ သူမ အရင်တုန်းက ခုလိုမျိုးအိမ်ကနေထွက်မပြေးတတ်ပါဘူး ဒီနှစ်ရက်အတွင်း သူဘာတွေဖြစ်နေတာလဲမသိဘူး"
"ပြသနာမရှိပါဘူး"
ရှန်ချင်းရှု ထိုမြွေဖြူလေးနဲ့ နာရီဝက်လောက်ကြာအောင်အတူနေလိုက်ရတယ်။ သူ့ရဲ့လက်ပေါ်မှာနာခံမှုရှိစွာလဲလျှောင်းနေပြီး သူ့ရဲ့လက်မောင်းကို တစ်ကြိမ်ပြီးတစ်ကြိမ်ပွတ်သပ်နေတာကိုကြည့်ရင်းနဲ့ ရှန်ချင်းရှု သူမကို သဘောမကျဘဲမနေနိုင်ခဲ့ဘူး။
"သူက အရမ်းချစ်ဖို့ကောင်းတာပဲ"
"မင်းသူ့ကို ချစ်ဖို့ကောင်းတယ်လို့ထင်လား"
ပိုင်ရွှယ်ကော အံ့ဩတကြီးနဲ့မေးလိုက်တာကြောင့် ရှန်ချင်းရှု ခေါင်းညိတ်ပြလိုက်တယ်။
"အင်းလေ"
ဖာ့ခ် .. ဒါက အပြန်အလှန်ချစ်ကျွမ်းဝင်နေကြတာဟ!
အဖေအိုကြီး ပိုင်ရွှယ်ကောက သူ့ရဲ့ရှေ့မှသားမက်လောင်းလေးကိုစိုက်ကြည့်ပြီး ထပ်မေးလိုက်တယ်။
" မြွေတွေက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ မင်းမထင်ဘူးလား"
"တချို့မြွေတွေကတော့ ကြောက်စရာကောင်းပါတယ် ဒါပေမယ့် လောင်ရှီးရဲ့မြွေကတော့ တော်တော်လေးချစ်စရာကောင်းပြီး နာခံတတ်တယ်"
သူက သူမကိုချစ်စရာကောင်းတယ်လို့ထင်ရုံတင်မကဘူး သူမကနာခံမှုရှိတယ်လို့ပါတွေးနေတာ!
သူတို့က အပြန်အလှန်ချစ်နေကြပြီ! Mungပဲစေ့တွေလိုမျိုး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာ*!
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasia_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer