Zawgyi
ရှိုးပွဲကောင်းကောင်းလေး တစ်ပွဲရှိတယ်
ရှန်ချင်းရှုနဲ့ ဟန်ချောင်တို့ ဓာတ်လှေကားထဲမှာအတူရပ်နေခဲ့ကြပြီး တစ်ယောက်က မျက်ခုံးတွေကိုပင့်,မထားကာ နောက်တစ်ယောက်ကတော့ အပြစ်ရှိစိတ်တွေပြည့်နေခဲ့တယ်။
မျက်ခုံးတွေကို အလိုမကျစွာပင့်မထားတဲ့တစ်ယောက်ကတော့ သူရောက်ရှိလာတဲ့အချိန်မှာ ဒီလိုမြင်ကွင်းမျိုးကစောင့်ကြိုနေလိမ့်မယ်လို့ မထင်မှတ်ထားတဲ့ဟန်ချောင်ပဲ။ နောက်ပြီး အပြစ်ရှိစိတ်တွေဖြစ်နေတဲ့တစ်ယောက်ကတော့ ရှန်ချင်းရှုဖြစ်ပြီး သူဘာလို့ကိုယ့်ကိကိုယ်အပြစ်ရှိသလိုခံစားနေရလဲဆိုတာ ကိုယ်တိုင်တောင်နားမလည်ရှာဘူး။
"ခင်ဗျား ဘာလို့ဒီကိုရောက်နေရတာလဲ"
ရှန်ချင်းရှု မေးကြည့်လိုက်တယ်။"ကိုယ်သာမလာခဲ့ဘူးဆိုရင် ဒီလိုကစားပွဲကောင်းမျိုးကို မြင်တွေ့နိုင်ပါ့မလား"
ဟန်ချောင် သူ့ကိုလှည့်ကြည့်လိုက်တယ်။
"ဒါက မင်းပြောနေတဲ့ မင်းရဲ့နေ့စဉ်အစီရင်ခံစာထဲက ဘယ်လိုကိစ္စမျိုးမှမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်လား""ဒါက တကယ်ဘာမှမဟုတ်ပါဘူး သူမက ပဋိပက္ခတွေကိုဖန်တီးရတာကြိုက်တယ်ဆိုပေမယ့် လက်ရှိကိစ္စက သိပ်မှမရေးမပါပဲ ကျွန်တော် ကိုယ့်ဟာကိုယ်ဖြေရှင်းနိုင်ပါတယ် ဒီတော့ တကယ်ဘာမှမဟုတ်ဘူးလေ"
“တကယ်လား"
ဟန်ချောင်ကတော့ ယုံကြည်ခြင်းမရှိဘူး။"တကယ်လို့ မင်းသာဖြေရှင်းနိုင်မယ်ဆိုရင် သူတို့က မင်းရဲ့ဓာတ်လှေကားဝင်ပေါက်ကို ပိတ်ဆို့ထားနိုင်မှာတဲ့လား"
“ကျွန်တော် အကုန်လုံးကိုဖြေရှင်းပြီးသွားပြီ အဲဒါကြောင့်လည်း သူကပြန်သင့်မြတ်ဖို့ကိုလက်မခံဘဲ ကျွန်တော့်ကိုဓာတ်လှေကားအပေါက်ဝမှာပိတ်ဆို့ထားတာ မဟုတ်ရင်သူက သူ့ရဲ့ရည်းစားနဲ့ချစ်ကြည်နူးတစ်တီတူးတွေလုပ်နေမှာပေါ့ ကျွန်တော့်ကိုဂရုစိုက်နေဖို့အချိန်ရှိနေပါ့မလား"
ဓာတ်လှေကားတံခါးပွင့်လာပြီးနောက် ရှန်ချင်းရှု အပြင်ကိုထွက်လိုက်ချိန်မှာပဲ သူ့ရဲ့ဖုန်းမှတုန်ခါလာတာကြောင့် ထုတ်ယူကြည့်လိုက်တော့ ကျိုးကျင်းမင်ထံမှဖြစ်နေခဲ့တယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer