Zawgyi
ဖက်ထားပေးပါဦး
ရှန်ချင်းရှုရဲ့ရိုက်ကူးရေးက (10)နာရီထိုးမှ ပြီးစီးခဲ့ပြီး အကုန်လုံးကိုသိမ်းဆည်းပြီးတဲ့နောက်မှာ ဟန်ချောင်နဲ့အတူရိုက်ကွင်းထဲမှထွက်လာခဲ့တယ်။
သူဂရုတစိုက် ရုပ်ဖျက်လိုက်ပြီးမှ ကားထဲကိုဝင်ထိုင်ကာ ထိုင်ခုံခါးပတ်ပတ်နေရင်းနဲ့ ဟန်ချောင်ကိုမေးလိုက်တယ်။
"ကျွန်တော်တို့ဘယ်ကိုသွားမှာလဲ"
"လျန်ဟိုတယ်"
ထိုဟိုတယ်က လက်ရှိနေရာနဲ့သိပ်ပြီးမဝေးကြောင်းကို ရှန်ချင်းရှုဝိုးတိုးဝါးတားပြန်လည်မှတ်မိသွားတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။
"ဒါဆိုလည်း မနက်ဖန်မနက်စောစော ကျွန်တော့်ကိုပြန်ပို့ပေးဖို့မမေ့နဲ့နော်"
"ကိစ္စမရှိဘူး"
ဟန်ချောင်ပြုံးလိုက်တယ်။"ဒါနဲ့ မင်းက ပိုင်ရွှယ်ကောရဲ့ပရိသတ်လား"
"မဟုတ်ပါဘူး ဘာလို့မေးတာလဲ"
ဟန်ချောင် ကားစက်နှိုးရင်းနဲ့ သူ့ဘက်ကိုပြန်ကြည့်ကာပြောလာတယ်။
" သူက မင်းကိုသူ့ရဲ့ပရိသတ်လို့ထင်နေတာ"
"အာ???"
ရှန်ချင်းရှုအံ့ဩမိသွားရတယ်။ပိုင်ရွှယ်ကောက သူ့အပေါ်ဇာတ်ရုပ်ဘယ်လောက်များများတောင် သတ်မှတ်ထားတာတုန်း!
မကြာသေးခင်တုန်းကပဲ သူ့ကိုသားမက်လို့သတ်မှတ်ခဲ့တာမလား ? အခုကျ ဘယ်လိုဖြစ်ပြီး သူ့ရဲ့ပရိသတ်ဖြစ်သွားရပြန်ပြီလဲ?
ဒါက အလွှာအထပ်ထပ်ရှိနေတဲ့ ကြက်သွန်နီကြီးလား?
အခွံတစ်ထပ်ဖယ်ခြားလုပ်တိုင်း ပိုများတဲ့အလွှာတွေပေါ်လာပြန်တယ်!
" ကျွန်တော်တကယ် သူ့ရဲ့ပရိသတ်မဟုတ်ဘူး"
သူထပ်ပြောလိုက်တယ်။ဟန်ချောင်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
"ကိုယ်လည်း အဲလိုပဲထင်ပါတယ် မင်းသူ့အကြောင်းကိုပြောတာ တစ်ခါမှမကြားဖူးဘူးလေ"" ဒါဆို သူဘယ်လိုများအထင်မှားသွားရတာလဲ ?"
ရှန်ချင်းရှုနောက်ကိုမှီလိုက်ရင်း ပြန်မေးလိုက်တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Viễn tưởng_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer