(50)ချင်းချင်းရဲ့ အလွတ်ရွက်ဆိုတဲ့စကေး အသက်ဝင်လာပြီးနောက်...

5.3K 1K 27
                                    

Zawgyi

ချင်းချင်းရဲ့ အလွတ်ရွက်ဆိုတဲ့စကေး အသက်ဝင်လာပြီးနောက် ဟန်ချောင်ရဲ့ဝိဥာဉ်လေးကတော့ ကမ္ဘာ့အပြင်ဘက်ကို လွင့်စင်သွားခဲ့ပြီ

ဟန်ချောင် : "ကိုယ်ကောင်းကောင်းပြောလိုက်နိုင်တာပဲ "

ဟန်ချောင်တစ်ယောက် စိတ်သာသာစွာပြောလိုက်မိပြီးမှ တစ်ဖက်လူရဲ့စကားကို သေသေချာချာသဘောပေါက်သွားလေတယ်။

"ခဏလေး..ယန်ကျားယွီလား"

"ဟုတ်တယ်"

"ရှန်ချင်းယွီမဟုတ်ဘူးပေါ့"

"မဟုတ်ဘူး"

"ဒါဆို ကိုယ်ခုနတုန်းက! တကယ်လို့သူသာ..ပြောခဲ့ရင်.."

“စိတ်မပူနဲ့ စိတ်မပူနဲ့"
ရှန်ချင်းရှု အလျှင်အမြန်နှစ်သိမ့်ပေးလိုက်တယ်။

"ခင်ဗျားက စကားတစ်ခွန်းတည်းပဲပြောရသေးတာပါ .. ခင်ဗျားရဲ့ရူးသွပ်တဲ့ ပူလောင်မွန်းကြပ်စရာအချစ်ကြီးကို အစမဖော်ရသေးပါဘူး စိတ်မပူပါနဲ့ ကျွန်တော်လည်းနောက်ဆုံးမိနစ်ပိုင်းလောက်မှာ သတိရသွားလို့ ဖုန်းကိုမြန်မြန်ချလိုက်တာ.. ခင်ဗျားရဲ့ထပ်ပြောလာမယ့်စကားလုံးက လှောင်အိမ်ဝယ်ဖို့ဆိုတာတွေဖြစ်လာမှာစိုးလို့"

ဟန်ချောင်:.... သူ ..အဲဒီလှောင်အိမ်အကြောင်းကိုထည့်မပြောခဲ့မိပေမယ့်လည်း ရှန်ချင်းရှုကိုပိတ်လှောင်ထားဖို့ပြောလိုပ်မိသလိုပဲလားလို့...

ဟန်ချောင်တစ်ယောက် ယန်ကျားယွီတစ်ယောက် အဲဒီစကားလုံးတွေကိုမေ့လျော့ပစ်လိုက်ဖို့ မျှော်လင့်ရုံပဲတတ်နိုင်တော့တယ်။

" ကိုယ်တို့တွေ လျို့ဝှက်ကုတ်ထားဖို့လိုနေပြီထင်တယ်"

“လျို့ဝှက်ကုတ်?"
ရှန်ချင်းရှု ရှုတ်ထွေးစွာပြန်မေးလိုက်တယ်။

“အင်း"
ဟန်ချောင်က ရှင်းပြလာတယ်။

"နောက်ဆိုရင် မင်းဘေးနားမှာ မင်းဘက်ကလူတွေရှိတယ်ဆိုရင် ကိုယ့်ကိုဟန်ချောင်လို့ခေါ် .. ဒါဆို ကိုယ်ကလည်း မင်းအပေါ်ထားတဲ့ကိုယ့်ရဲ့စွဲလမ်းရူးသွပ်တဲ့အချစ်တွေကို ဖော်ပြပေးမယ် .. ကိုယ့်ဘက်ကလူတွေရှိနေတယ်ဆိုရင်တော့ ကိုယ့်ကိုအချစ်လို့ခေါ်လေ ကိုယ့်ကိုအရမ်းချစ်တဲ့ ချိုချိုမြိန်မြိန်ချစ်သူကောင်လေးနေရာက ကစားပြလေ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now