(24.1)လာစမ်းပါ ဒါခင်ဗျားရဲ့အချစ်စစ်ကိုပြသရမယ့်အချိန်ပဲ!

8K 1.4K 182
                                    

Zawgyi


ရှန်ချင်းရှု ခေါင်းကိုအပြင်းအထန်ခါရမ်းလိုက်တယ်။ အဲဒါ သူမဟုတ်ဘူး ။သူ့ရဲ့ရည်းစားဟောင်း မဟုတ်ဘူးနော်! သူလုပ်တာမဟုတ်ဘူး။ အဲဒါမူလပိုင်ရှင်ရဲ့အရှုပ်ထုတ်တွေ!

မူလက ရှန်ချင်းရှု လှေနံနှစ်ဖက်နင်းထားတယ်ဆိုတာက ထင်မြင်ချက်သက်သက်သာဖြစ်ခဲ့ပေမယ့် လက်ရှိသူ့ရဲ့အမူအယာတွေကို မြင်လိုက်ရတော့ ထိုဖြစ်ရပ်ကအမှန်တရားပဲဆိုတာ လီဟွေ့သေချာသွားခဲ့တယ်။

"ချင်းချင်း မင်းလုပ်တုန်းကလုပ်ရဲပြီးတော့ ဝန်မခံချင်ဘူးလား"
သူရည်ရွယ်ချက်ရှိရှိပြောလိုက်တယ်။

"ကြည့်ရတာ ငါတစ်ယောက်တည်းခံခဲ့ရတာ မဟုတ်ဘူးထင်တယ်"

သူ ဟန်ချောင့်ကိုကြည့်ပြီးပြောလိုက်တယ်။

"သူခင်ဗျားကိုလည်း ခင်ဗျားကသူ့ရဲ့အချစ်ဦးလို့ပြောခဲ့သေးတာလား  ခင်ဗျားကိုအရမ်းချစ်ပြပြီးတော့ ခင်ဗျားဆန္ဒရှိသမျှကို လိုက်လျောပေးခဲ့သေးတာလား"

ဟန်ချောင် ရှန်ချင်းရှုကိုလှည့်ကြည့်လိုက်တယ်။ ရှန်ချင်းရှုကသူ့ကိုအဲလိုစကားမျိုးမပြောခဲ့ပေမယ့် သူက ကားအသစ်လေးပါဆိုပြီးပြောခဲ့တာလေ။

ဒါပေမယ့် ဒါကအဓိကအချက်မဟုတ်သေးဘူး။ အဓိကအချက်က ရှန်ချင်းရှုကြိုက်တဲ့ပုံစံက ဒီလိုပုံစံမျိုးကြီးလား?!

သူ့ရဲ့အမြင်အာရုံက လုံးဝကိုဆိုးရွားနေတာမဟုတ်ဘူးလား?

တိတိကျကျပြောရရင် သူ့ရဲ့ဒရိုက်ဘာပေါ်ကြည့်တဲ့အမြင်အာရုံက ရယ်စရာကောင်းလွန်းအောင်ကိုမြင့်မားနေတာလေ။ သူက သူ့(ဟန်ချောင်)လိုမျိုး ထိပ်တန်းဒရိုက်ဘာကိုတောင် ချက်ချင်းသတိပြုမိတာပဲကို။ ဒီတော့ ရည်းစားကိုရွေးတဲ့နေရာမှာကျတော့ ဘာလို့ဒီလောက်တောင်ဆိုးရွားနေရတာတုန်း?

"မင်း ကိုယ့်ကိုတကယ်ကြီးအံ့သြစေခဲ့တာပဲ"
ဟန်ချောင်ရဲ့လေသံက ပုံမှန်ထက်သိမ်မွေ့နေခဲ့တယ်။

ရှန်ချင်းရှု ခေါင်းကိုပြုတ်ထွက်လုမတတ် ခါယမ်းလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now