Zawgyi
ငါသူ့ကိုကြိုက်တဲ့အတွက် သူ့အပေါ်ကောင်းကောင်းဆက်ဆံပေးချင်တယ်
ယန်ကျားယွီကတော့ ရရှိလိုက်တဲ့သတင်းအချက်အလက်တွေ တော်တော်ကြီးများသွားပြီဖြစ်လို့ အရှိန်ခဏလောက်ရပ်နားဖို့လိုနေပြီ။
ပိုင်ရွှယ်ကောက တစ်ဖက်လူရဲ့ထိုးနှက်ခံလိုက်ရသလိုဖြစ်သွားတဲ့မျက်နှာကိုကြည့်ပြီး 'သူငယ်ချင်းဖြစ်သူက ဒီလောက်ထိအချစ်မှာစွဲလမ်းရူးသွပ်သွားလိမ့်မယ်လို့ မယုံကြည်နိုင်ဖြစ်နေတာ'လို့ထင်လိုက်တယ်။ ဒီတော့ ထိုမျက်နှာအမူအယာကိုအလေးအနက်ထားပြီး မတွေးတောလိုက်လေဘူး။
"ဒီတော့ ခင်ဗျား ရှန်ချင်းရှုရဲ့ညီကိုပဲ ဖျောင်းဖျလိုက်တာပိုကောင်းမယ် သူက ရှန်မိသားစုဆီကနေ အမွေဘယ်လောက်များများရနိုင်မှာမို့လို့လဲ ..အနာဂတ်မှာ ဟန်မိသားစုရဲ့အမွေတစ်ဝက်က ရှန်ချင်းရှုဆီကိုပဲရောက်လာမှာလေ ..ဒါကြောင့် သူ့အနေနဲ့ဘာပဲလုပ်ချင်ချင်လုပ်လို့ရတယ် သူလိုချင်သလောက်ရိုက်ကူးလို့ရတယ် စိတ်ပူနေစရာမလိုဘူး"
ယန်ကျားယွီ:...
ယန်ကျားယွီ ထိုစကားလုံးတွေကိုနားလည်အောင်ကြိုးစားပြီးနောက် ပြန်ပြောလိုက်ရှာတယ်။
".... တရားသေကြီးပြောလို့မရဘူးလေ အဆုံးသတ်မှာဘာဖြစ်သွားနိုင်မလဲဆိုတာ ဘယ်သူကသိမှာတဲ့လဲ ရှန်ချင်းရှုသာ ဥာဏ်ကောင်းခဲ့ရင် သူ့ဘာသာသူနောက်ဆုတ်သွားတာပိုကောင်းလိမ့်မယ်"
"ဟန်ချောင် သူ့ကိုဘယ်လိုဆက်ဆံလဲဆိုတာ ခင်ဗျားမမြင်ဖူးလို့ ခုလိုတွေပြောနေတာပဲ"
အရင်တုန်းကတော့ ပိုင်ရွှယ်ကောလည်း သူ့ကိုယ်သူအတွေးလွန်နေတာလားလို့ထင်ခဲ့သေးတယ်။
ဒါပေမယ့် သူ့ရဲ့ညီအကိုက တစ်ညလုံးကြီးခေါင်းကိုဖက်ပြီးငိုနေခဲ့တာလေ!“သူ ရှန်ချင်းရှုအတွက်ပိုက်ဆံတွေအများကြီးသုံးခဲ့တယ် သူ့ရဲ့နှလုံးတွေအဆုတ်တွေကိုထုတ်ပေးရလောက်တဲ့အထိ အိပ်မက်တွေထဲမှာတောင် ရှန်ချင်းရှုအကြောင်းကိုတွေးနေခဲ့တာ .. ဒါကိုတောင် ရှန်ချင်းရှုကသူ့ကိုပြန်မကြိုက်သေးဘူးလေ"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer