54.ခင်ဗျား ကျွန်တော့်ကိုမနမ်းဘူးလား? အခုကခင်ဗျားကျွန်တော့်ကိုနမ်းရမယ့်အချိန်လေ

5.7K 916 45
                                    

Unicode

ခင်ဗျား ကျွန်တော့်ကိုမနမ်းဘူးလား? အခုက ခင်ဗျားကျွန်တော့်ကိုနမ်းရမယ့်အချိန်လေ..

"ခန့်မှန်းကြည့်လေ"
ဟန်ချောင် ရည်ရွယ်ချက်အပြည့်နဲ့နဲ့ပြောလိုက်တယ်။

ရှန်ချင်းရှု ပါးတစ်ဖက်ကိုဖောင်းကာ လေမှုတ်ထုတ်လိုက်ပြီး တံခါးဝဆီမှပြန်လှည့်ကာ အထဲကိုဝင်လာလိုက်တယ်။

"ကျွန်တော် မခန့်မှန်းတော့ဘူး"

သူဆိုဖာပေါ်မှာထိုင်ချလိုက်တော့ ဟန်ချောင်ကလည်းသူ့အနီးကိုလျှောက်လာကာ အပြုံးတစ်ခုနဲ့မေးလာတယ်။
"တယ်မခန့်မှန်းတော့ဘူးလား"

"မမှန်းကြည့်တော့ဘူး.. ဒါ ကျွန်တော့်အတွက်ဆိုတာသေချာတယ်"

ရှန်ချင်းရှုက သူ့ရဲ့ခေါင်းကိုငဲ့စောင်းကာ တစ်ဖက်လူကိုကြည့်လာပြီး သူ့ရဲ့လေသံထဲမှာယုံကြည်ချက်တွေရောနှောပါဝင်နေတယ်။

"တကယ်လို့ ကျွန်တော့်အတွက်မဟုတ်ဘူးဆိုရင် ခင်ဗျားက မဟုတ်ဘူးလို့ပြောမှာလေ.. ကျွန်တော့်ကိုဘာလို့ခန့်မှန်းခိုင်းနေဦးမှာလဲ"

ဟန်ချောင်:...

Damn! စာရေးဆရာဖြစ်ဖို့ထိုက်တန်လွန်းတယ်။
ငါဂရုမစိုက်လိုက်မိဘူး!

သူ စိတ်ဝမ်းနည်းစွာနဲ့ ရှန်ချင်းရှုကိုကြည့်လိုက်ပြီး အိတ်ထဲမှ မာဖလာကို မထုတ်ချင်ထုတ်ချင်နဲ့ ထုတ်လိုက်တယ်။

"ဒီမှာ ဒီနှစ်ရက်အတွင်း ဆောင်းဝင်တော့မှာဆိုတော့ ကိုယ်မင်းအတွက် မာဖလာဝယ်လာတယ်"

ရှန်ချင်းရှု အံ့ဩစွာစွာ ထိုမာဖလာလေးကိုထိကြည့်လိုက်တယ်။ မာဖလာကိုဖြေကြည့်လိုက်တော့ တော်တော်လေးနူးညံ့ပြီး အရောင်က နက်စွေးနေလေတယ်။

ရှန်ချင်းရှု ချက်ချင်းပဲ သူ့ရဲ့လည်တိုင်ကို ပတ်ကြည့်လိုက်တယ်။ တော်တော်လေးကိုနွေးထွေးပြီးအဆင်ပြေနေခဲ့တယ်။

" ကျေးဇူးပါ"

ရှန်ချင်းရှု သူ့ကို ပျော်ရွှင်မှုအပြည့်နဲ့ပြုံးပြလိုက်တယ်။

"ကျွန်တော် ဒီခရစ်စမတ်လက်ဆောင်ကို တကယ်အများကြီးကြိုက်တယ်"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now