Unicode
ရင်ခုန်သံ
ညနေပိုင်းအလုပ်ပြီးချိန်မှာတော့ ဟန်ချောင်တစ်ယောက် ဟန်ယွီထံမှ ဖုန်းကောတစ်ခုကိုလက်ခံရရှိလိုက်တယ်။ ညစာအတူစားချင်လားဆိုတဲ့ အမေးစကားကို မေးမြန်းဖို့ရာအတွက်ပေါ့။
ဟန်ချောင်ကလည်း မငြင်းဆန်လိုက်ဘူး။ သူ့ရဲ့ပစ္စည်းတွေကိုသိမ်းဆည်းပြီးနောက် သီးသန့်ဓာတ်လှေကားမှာပဲ ဟန်ယွီနဲ့ ထပ်မံတွေ့ဆုံပြန်တယ်။
" ဒီလ 31ရက်နေ့ မင်းအိမ်ကိုပြန်မှာလား"
ဟန်ယွီက မေးလာတယ်။“မပြန်ဘူး"
ဟန်ချောင်ပြန်ဖြေလိုက်တယ်။"ကျွန်တော်တို့မိသားစုက နှစ်သစ်ကူးကို ဒီလောက်ကြီး အာရုံစိုက်တာမှမဟုတ်ဘဲ .. တရုတ်နှစ်သစ်ကူးအထိစောင့်ဦး အဲနေ့မှပြန်လာခဲ့မယ်"
ဟန်ယွီခေါင်းညိတ်လိုက်တယ်။
" မင်းမှာ နှစ်သစ်ကူးအတွက် အစီအစဉ်ရှိနေပြီးသားလား"ဟန်ချောင်:.....
ဟန်ချောင် ခဏလောက်တွေးတောပြီးမှပြန်ဖြေလိုက်တယ်။
" သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းမလို့"ဟန်ယွီက သူ့ကိုပြန်စိုက်ကြည့်လာတယ်။ ပြီးမှ သိမ်မွေ့နူးညံ့တဲ့လေသံကိုသုံးပြီးပြောလာတယ်။
"အိုး~ လှောင်အိမ်ပိုင်ရှင်လေးနဲ့လား"
ဟန်ချောင်:....
"မင်းသာ ပါးစပ်ကိုမဖွင့်ဘဲ ပိတ်ထားမယ်ဆိုရင်တောင် ဘယ်သူကမှမင်းကို ဆွံ့အနေတဲ့သူလို့ အထင်လွဲမှာမဟုတ်ဘူးနော်!"
“ဒီတော့ မှန်သွားတယ်ပေါ့လေ"
ဟန်ယွီ သူ့ကိုစိုက်ကြည့်ပြီးပြောလာတယ်။" မင်း လှောင်အိမ်ပေးပို့လိုက်လား မပို့လိုက်ဘူးလား ? ငါ့မှာ ပုံစံအမျိုးမျိုးရှိသေးတယ်နော် မင်းလိုချင်သေးလား ငါမင်းအတွက် အခမဲ့မှာပေးမယ်လေ"
ဟန်ချောင်:....
ဟန်ချောင် ထိုအမျိုးသားနဲ့ ထပ်မံပြီးစကားမပြောချင်တော့ဘူး။
သူမပြောခဲ့ဘူးလား။ ဟန်ယွီသာ သူ့ပါးစပ်ကိုဖွင့်ပြီး လှောင်အိမ်အကြောင်းမပြောခဲ့ဘူးဆိုရင် သူလည်း အဲဒီလှောင်အိမ်ကြီးကိုစိတ်စွဲလမ်းမိသွားပါ့မလား?

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer