(57.1)မင်း ရှောင်ရှန်တိတိကို ဘယ်အချိန်လက်ထပ်မှာလဲ လောင်ဟန်

5.9K 869 18
                                    

Unicode

မင်း ရှောင်ရှန်တိတိကို ဘယ်အချိန်လက်ထပ်မှာလဲ လောင်ဟန်

ရှန်ချင်းရှု စိတ်သက်သာရာရစွာနဲ့ တစ်ဖက်လူကိုပွေ့ဖက်ပြီး ပြုံးလိုက်မိတယ်။

"ခင်ဗျားသဘောကျလို့ တော်သေးတာပေါ့ "

သူ ထိုကတ်ကိုသုံးတဲ့အချိန်နှင့် ကျိုးကျင်းမင်က ထိုနာရီကိုဈေးကြီးလွန်းတယ်လို့ပြောခဲ့တဲ့အချိန်တွေမှာ တော်တော်လေးစိတ်ဓာတ်ကျခဲ့ရသေးပေမယ့် အခုမြင်ရသလောက်ဆိုရင် ဟန်ချောင်က ဒါကိုတော်တော်ကြီးသဘောကျနေပုံပဲ။ ဒီတော့ သူဝယ်ယူခဲ့ရတာ တန်ပါတယ်လေ။

အဆုံးမှာတော့ အနုပညာရှင်တွေဆိုတာ ငွေကြေးအမြဲတမ်းလိုအပ်နေတဲ့သူတွေပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ သူကနာမည်မကြီးသေးဘူးဆိုပေမယ့် အနာဂတ်မှာတော့ ကျိန်းသေပေါက်နာမည်ကြီးလာမယ့်သူပဲကို ။ ဒီတော့ ရှန်ချင်းရှုအနေနဲ့ ဟန်ချောင်အတွက် ပိုက်ဆံတွေပိုပြီးသုံးစွဲရတာကို ဂရုမစိုက်ပါဘူး။

သူ့အတွက်တော့ ဒီကမ္ဘာကြီးကို ဆွေမျိုး ၊မိတ်ဆွေ နှင့်ရန်သူတွေဆိုတာမျိုးမရှိဘဲ တစ်ယောက်တည်းရောက်လာရတာလေ။ ဟန်ချောင်ကသာ သူ့အပေါ်ကိုကောင်းကောင်းဆက်ဆံပေးတဲ့ပထမဆုံးလူပဲ။ နောက်ပြီး ထိုအမျိုးသားက သူ့ကိုအကူအညီတွေအများကြီးပေးခဲ့တဲ့အပြင် အနုပညာလုပ်ငန်းအတွက်လည်းထောက်ပံ့ပေးခဲ့တယ်။ဒါကြောင့် သူတတ်နိုင်သမျှလေး ဟန်ချောင်ကိုပျော်ရွှင်အောင်လုပ်ပေးဖို့ ဆန္ဒရှိတယ်။

ရှန်ချင်းရှု သူ့ကိုမေးလိုက်တယ်။
"ခင်ဗျား အခုပျော်လား"

ဟန်ချောင်ထံမှတုံ့ပြန်သံကတော့ တိုးလျနေဆဲပဲ။

"အမ်"

သို့ပေမယ့် ဒီစကားတစ်ခွန်းက ရှန်ချင်းရှုကို ပျော်ရွှင်အောင်လုပ်ပေးနိုင်လေရဲ့။
"ကောင်းလိုက်တာ"

ဒါက သူဟန်ချောင်ထံမှသင်ယူထားခဲ့တာလေ။ ပထမဆုံးအနေနဲ့ အံ့ဩစရာလက်ဆောင်သေးသေးလေးပေးမယ်။ ပြီးမှ ကြီးမားတဲ့လက်ဆောင်ကိုပေးအပ်မယ်။ ဒီနည်းအတိုင်းဆိုရင် ပျော်ရွှင်မှုတွေနှစ်ဆလောက်တိုးပွားစေလိမ့်မယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now