(58.1)ကိုယ်နဲ့ အိမ်ကိုလိုက်ခဲ့ .. နှစ်သစ်ကိုအတူတူဆင်နွဲရအောင်

4.6K 786 23
                                    

Unicode

ကိုယ်နဲ့ အိမ်ကိုလိုက်ခဲ့ .. နှစ်သစ်ကိုအတူတူဆင်နွဲရအောင်

ရုတ်တရက်ဆိုသလိုပဲ ဟန်ယွီတစ်ယောက် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရတယ်။ သူက ဟန်ချောင်ကို သံသယစိတ်အပြည့်နဲ့ကြည့်လိုက်ပြီး:

"မင်း အဲဒီနာရီကိုဘယ်ကရလာတာလဲ"

ဟန်ချောင်ရဲ့ပြန်ဖြေလာတဲ့စကားသံထဲမှာ ဂုဏ်ယူမှုတွေ အထင်းသားပေါ်လွင်နေခဲ့တယ်။

" လက်ဆောင် ရထားတာလေ"

သူက ဟန်ယွီကိုဂုဏ်ယူမှုတွေပြည့်နေတဲ့မျက်နှာနဲ့ စိုက်ကြည့်လိုက်သေးတယ်။

"ကိုကို့မှာ ဒီလိုအတွေ့အကြုံမျိုးရှိဖူးရဲ့လား .. တစ်ယောက်ယောက်ဆီက လက်ဆောင်ရဖူးရဲ့လား?"

ဟန်ယွီ သဘောတကျနဲ့ ခပ်ဟဟရယ်လိုက်မိတယ်။
"ဘယ်သူပေးတာလဲ"

"သေချာပေါက် ကျွန်တော်သူငယ်ချင်းပေးတာပေါ့"

" အဲဒီသူငယ်ချင်းက မင်း လှောင်အိမ်ထဲမှာထားချင်တဲ့တစ်ယောက်များလား"

ဟန်ချောင်:....

ဓာတ်လှေကားတံခါးပွင့်လာပြီဖြစ်တာကြောင့် ဟန်ချောင်တစ်ယောက်အထဲကိုကပြာကယာဝင်လိုက်တယ်။

ဟန်ယွီကလည်း သူ့နောက်မှလိုက်ဝင်လာပြီး အပြုံးတစ်ပွင့်နဲ့ဆက်ပြောလိုက်တယ်။

"ဒီတော့ သူက မင်းကိုနာရီပေးခဲ့တယ်ပေါ့.. မင်းကရော သူ့ကိုလှောင်အိမ်ပြန်ပေးပြီးပြီလား"

ဟန်ချောင် အစ်ကိုဖြစ်သူကိုမကျမနပ်နဲ့ ပြန်ကြည့်လိုက်တယ်။

" ကိုကို ခုထိအဲဒါကိုမှတ်မိနေတုန်းပဲလား? ကုမ္ပဏီထုတ်ကုန်တွေကိုပဲ ပိုပြီးအာရုံစိုက်ပေးလို့ရဘူးလား?"

"မင်းရဲ့အချစ်ရေးက ကုမ္ပဏီထုတ်ကုန်တွေထက် ပိုပြီးအရေးကြီးတယ်လေ .. တကယ်လို့ထုတ်ကုန်တွေ ပျက်စီးသွားမယ်ဆိုရင် ပြန်ပြင်လို့ရသေးတယ် .. မင်းမှာသာ တစ်စုံတစ်ခုထိခိုက်သွားမယ်ဆိုရင် ငါတို့ရဲ့မိဘတွေကို နောက်ထပ်ညီလေးတစ်ယောက်မွေးပေးဖို့ ဘယ်လိုများပြောထွက်နိုင်မှာတုန်း?"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now