(62.1) ဆန်ကုန်မြေလေးကောင်ကို အနိုင်ကျင့်ဖို့ အင်အားပူးပေါင်းမယ်

4.4K 785 37
                                    

Unicode

ဆန်ကုန်မြေလေးကောင်ကို အနိုင်ကျင့်ဖို့အတွက် အင်အားပူးပေါင်းမယ်၊ အလွန်အမင်းနိုင်လိုမင်းထက်လုပ်တတ်တဲ့ အာဏာရှင်ဥက္ကဋ္ဌကြီးက ငါ့ကိုချစ်ကျွမ်းဝင်နေတာတဲ့!

ဟန်ချောင်ကတော့ သူ့အကိုနဲ့အတူ စူပါမားကတ်မှာရှိနေရတဲ့တစ်ချိန်လုံးမှာ စိတ်ဆင်းရဲနေရရှာတယ်။ ဒီတော့ ဝယ်ခြမ်းပြီးသွားတယ်ဆိုရင်ပဲ ရှန်ချင်းရှုကို ဆွဲခေါ်ပြီးထွက်သွားဖို့အသင့်ဖြစ်နေပြီ။

" ကျွန်တော်တို့မှာလုပ်စရာရှိသေးလို့ အရင်သွားနှင့်လိုက်မယ်.. ဒါဆို လမ်းခရီးဖြောင့်ဖြူးပါစေနော်"

ရလဒ်ကတော့ သူလှည့်မထွက်သွားခင်မှာပဲ ဟန်ယွီရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြန်တာပဲ။

"ဘာတွေအလျင်လိုနေတာတုန်း .. ကောကော မင်းတို့ကို ညစာလိုက်ကျွေးဦးမယ်လေ"

"မလိုပါဘူးဗျာ "
ဟန်ချောင် ငြင်းဆန်လိုက်တယ်။

"အခုမှ လေးနာရီပဲရှိသေးတာလေ ကျွန်တော်တို့ဗိုက်မဆာသေးဘူး"

"ကိစ္စမရှိဘူး ..အစားအသောက်တွေ ပြင့ဆင်ပြီးတဲ့အချိန်ကျရင် ငါးနာရီ၊ခြောက်နာရီလောက်ဖြစ်သွားလိမ့်မယ်.. ညစာစားဖို့အကိုက်ပဲလေ"

ဟန်ချောင်ကတော့ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်ခဏမျှဖြစ်သွားပြီးမှ ပြန်ပြောလိုက်မိတယ်။

"ကျွန်တော်က ခုနှစ်နာရီမထိုးမချင်း ညစာမစားဘူးလေ"

"မင်း စားသောက်နေရင်းနဲ့ ဗီဒီယိုလေးဘာလေးကြည့်ချင်သေးလား"

ဟန်ယွီက အသာအယာထိုးနှက်လိုက်တယ်။

ဟန်ချောင် :...

ဟန်ယွီ: " ငါ မင်းတို့နှစ်ယောက်လုံးဆီကို ပို့ပေးလိုက်မယ်လေ.. မင်း screenအကြီးနဲ့ကြည့်ရတာကို သဘောကျလား"

ဟန်ချောင်:....

ဟန်ချောင် အံတင်းတင်းကြိတ်လိုက်မိတယ်။
"စားမယ် အခုစားမယ်လို့!"

မင်းသာ စားနေရင်းနဲ့သေသွားမယ်ဆိုရင် ပိုတောင်ကောင်းဦးမယ်!

ဒါဆို အခုလိုမျိုး မကောင်းဆိုးရွားအဖြစ်နဲ့ရှင်သန်နေမှာ မဟုတ်တော့ဘူး!

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now