Unicode
မင်း သေချာပေါက်ချင်းချင်းကိုကြိုက်နေတာပဲလေ
ဟန်ချောင် သူ့ဘေးနားကလူကို လက်မောင်းတွေကြားထဲသို့ဆွဲထည့်လိုက်ပြီး ပါးစပ်ကိုအတင်းပိတ်ဆို့လိုက်တယ်။
"ဟင့်အင်း မင်းမကြည့်ချင်ပါဘူး!"
ရှန်ချင်းရှု:...
သူကြည့်ချင်နေတာပါနော် အိုခေ!
ရှန်ချင်းရှုတစ်ဖက်လူရဲ့လက်ကိုဆုတ်ကိုင်ပြီး ရုန်းထွက်ဖို့ကြိုးစားပေမယ့် ဟန်ချောင်က သူ့ကိုတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားခဲ့တယ်။
"စားလို့ပြီးသွားပြီပဲ ..ကိုယ်တို့တွေအိမ်ပြန်ကြစို့!"
သူပြောရင်းနဲ့ ရှန်ချင်းရှုကိုဆွဲထူလိုက်ကာ ပါးစပ်ကိုပိတ်ဆို့ထားတဲ့လက်ကို ဖြေလျော့ပေးလိုက်တယ်။
"ကောင်းပြီ ..ချင်းချင်း အိမ်ပြန်ကြစို့"
" ကော ကျွန်တော် နောက်ရက်နည်းနည်းလောက်ကြာရင် ပြန်လာခဲ့မယ် .. အဲကျမှတွေ့ကြတာပေါ့"
ဟန်ယွီ သူ့ရဲ့အမူအယာကိုကြည့်ပြီး ဖြည်းညှင်းစွာပြောလာတယ်။
"မကြည့်ချင်ဘူးလား"
"ကျွန်တော်ကြည့်ချင်တယ်"
ရှန်ချင်းရှု သွက်လက်မြန်ဆန်စွာလက်ထောင်လိုက်ပြန်တယ်။ဟန်ချောင်ကလည်း ရှန်ချင်းရှုရဲ့အရှိန်ထက်တော့ နောက်မကျဘူး။ သူက ရှန်ချင်းရှုရဲ့လက်ကိုဆွဲယူပြီး အောက်ကိုပြန်ဆွဲချလိုက်တယ်။
"မင်းမကြည့်ချင်ဘူး..မင်းလုံးဝကိုမကြည့်ချင်ဘူး!"
ရှန်ချင်းရှု:... ဘယ် videoလဲလို့! ခင်ဗျားအရမ်းကိုစိတ်လှုပ်ရှားနေတယ်နော်! Crossdressing videoများလား?! ဒီလိုဆိုရင် သူပိုပြီးတော့တောင်ကြည့်ချင်သေးတယ်လို့!
ဟန်ယွီ သူ့ကိုမျက်နှာချင်းမဆိုင်ရဲတော့တဲ့ ညီငယ်လေးကိုကြည့်ပြီး ထိုကလေးတကယ်ရှက်ရွံ့နေပြီဖြစ်ကြောင်း သိလိုက်တယ်။
သူ့အနေနဲ့လည်း အမှန်တကယ်ပြသဖို့ ရည်ရွယ်ထားတာမဟုတ်ဘဲ သူ့ရဲ့ညီငယ်လေးကို စနောက်ရုံလေးပဲဖြစ်တဲ့အတွက် သူ့ကို သေခြင်းတရားဂိတ်ဝမှာ ထပ်ခါတလဲလဲ ခုန်ပေါက်မနေခိုင်းတော့ဘူး။ အခုလောက်အနေအထားနဲ့ဆို ဟန်ယွီတစ်ယောက်ကျေနပ်အားရနေပြီလေ။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer