(67.1)ကိုယ့်ကို အရင်နမ်း .. ဒါဆို ကိုယ်မင်းကိုနမ်းမယ်

4.4K 654 7
                                    

Unicode

ကိုယ့်ကို အရင်နမ်း .. ဒါဆို ကိုယ်မင်းကိုနမ်းမယ်

ဟန်ချောင် တစ်ဖက်လူရဲ့စကားလုံးတွေကြောင့် နှလုံးသားအောက်ခြေအထိ တုန်ယင်သွားရတယ်။

သူ ဖုန်းကိုတင်းကြပ်စွာဆုတ်ကိုင်ထားပေမယ့် တံခါးအပြင်သို့ပြေးထွက်ကာ သူ့ရဲ့အိမ်ကိုပြန်သွားပြီး ထိုလူငယ်လေးကိုအပြေးသွားဖက်ချင်စိတ်ကို မနည်းဖိနှိပ်ထားရတယ်။

ရှန်ချင်းရှုသာ ဆန္ဒရှိရင် ဘယ်သူ့ကိုမဆိုပျော်ရွှင်အောင်ချော့မြူလိုက်နိုင်တယ်ဆိုတာ သူအမြဲတမ်းသိနေခဲ့တယ်။

သူ ရှန်ချင်းရှုနဲ့အတူရှိနေစဥ်တုန်းက ထိုလူငယ်လေးက ဘယ်အရာကိုမှ ဂရုမစိုက်သလိုမျိုး ထင်မြင်ခဲ့ရရုံလေးပဲ။

တကယ်လို့ သူသာ ရှန်ချင်းရှုရဲ့မျက်နှာကိုလိမ်ဆွဲချင်တယ်ဆိုရင် ရှန်ချင်းရှုက လိမ်ဆွဲခိုင်းလိမ့်မယ်။

သူသာ မောင်းနှင်ချင်ခဲ့မယ်ဆိုရင် ရှန်ချင်းရှုက သူ့ရဲ့ဆန္ဒအတိုင်းလိုက်ပါလာလိမ့်မယ်။

တကယ်လို့ သူကသာ ရှန်ချင်းရှုကိုလက်ဆောင်တစ်ခုလောက်ပေးခဲ့မယ်ဆိုရင်တော့ ရှန်ချင်းရှုက သူပေးခဲ့တဲ့လက်ဆောင်ထက် ပိုပြီးတန်ဖိုးကြီးတဲ့အရာကိုပေးလာလိမ့်မယ်။

ဒါပေမယ့်အခုချိန်မှာတော့ ရှန်ချင်းရှုက သူထင်ထားတာထက်ပိုပြီး ရင်ထဲကိုထိနိုင်တယ်လို့တွေးမိနေပြီ။

မတိုင်မီတုန်းက သူသေချာပေါက်ကိုသွားချင်နေခဲ့တာလေ။ သူ့ကိုပြောလာတဲ့စကားတွေထဲမှာ ပျော်ရွှင်မှုတွေရောနှောနေခဲ့တာ အသိသာကြီးပဲ။ ဒါပေမဲ့ အခုတော့ သူက နူးညံ့တောက်ပစွာနဲ့ မသွားတော့ဘူးလို့ပြောလာခဲ့တယ်။

မကျေနပ်ချက်တွေမရှိ၊ ဒေါသတရားတွေမပါ,ပါဘဲ၊ ဖက်ထားပေးရန်အတွက်သာ နှစ်လိုဖွယ်ကောင်းစွာမေးလာတယ်။

ထိုပြောင်းလဲသွားမှုက သူ(ဟန်ချောင်)မသွားစေချင်လို့တဲ့လေ။

ဟန်ချောင် ရုတ်တရက် အပြစ်ရှိသလိုခံစားလာရကာ ထိုစကားတွေကိုမပြောလိုက်သင့်ဘူးလို့ တွေးမိပြန်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now