(70.1)Baby you are amazing!

3.5K 578 6
                                    

Baby you are amazing!

Unicode

ရှန်ချင်းရှု အပိုင်းတစ်ဝက်လောက် ရေးပြီးချိန်မှာတော့ ခြေသံတွေကိုကြားလိုက်ရတဲ့အတွက် ဟန်ချောင် ပြန်ရောက်လာပြီဆိုတာကိုသိလိုက်လေတယ်။

သူအိပ်ယာပေါ်ကဆင်းပြီး အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ ဟန်ချောင်တစ်ယောက် တံခါးအပြင်မှာရပ်နေတာကိုမြင်လိုက်ရလေရဲ့။ သူ့ရဲ့လက်က ဆန့်ထုတ်လက်စဖြစ်နေပြီး တံခါးကိုတွန်းဖွင့်ဖို့လုပ်နေတဲ့ပုံပဲ။။

ရှန်ချင်းရှု ပြုံးလိုက်မိတယ်။

"ခင်ဗျားပဲဆိုတာ ကျွန်တော်သိသားပဲ"

"တခြား ဘယ်သူဖြစ်နိုင်လို့လဲ"
ဟန်ချောင် သူ့ရဲ့ဆန့်ထုတ်ပြီးလက်စဖြစ်နေတဲ့လက်နဲ့ တစ်ဖက်လူကိုသိမ်းပွေ့လိုက်တယ်။

ရှန်ချင်းရှုပြုံးလိုက်မိတယ်။
"ဆွေမျိုးတွေနဲ့တွေ့ပြီးသွားပြီလား"

"ဒီနေ့အတွက်တော့ပြီးသွားပြီ"

" ခင်ဗျား အခုလိုထွက်ပြေးလာတော့ ခင်ဗျားရဲ့မိဘတွေက ဘာမှမပြောဘူးလား"

"ကိုယ်က အရွယ်ရောက်ပြီးတဲ့အမျိုးသားတစ်ယောက်ပါနော်.. ပြောနေပါ့မလား"

ရှန်ချင်းရှု စိတ်သက်သာရာရစွာနဲ့ တစ်ဖက်လူရဲ့လက်မောင်းကိုပွတ်သပ်လိုက်တယ်။

"စားပြီးသွားပြီလား"
ဟန်ချောင် မေးခွန်းထုတ်လိုက်တယ်။

ရှန်ချင်းရှု ခေါင်းကိုခါယမ်းပြလာတော့ ဟန်ချောင် သူ့ကိုလွှတ်ပေးလိုက်ပြီး မီးဖိုခန်းထဲကိုခေါ်သွင်းလာခဲ့တယ်။

"ခင်ဗျား ချက်နေစရာမလိုပါဘူး"
ရှန်ချင်းရှု ဟန့်တားလိုက်တယ်။

" မနေ့ညတုန်းက ဟင်းပွဲတွေအများကြီးကျန်သေးတယ်လေ .. အဲဒါတွေကိုပြန်နွှေးလိုက်ရင်ရပြီ"

သူ ခဏလောက်တွေးပြီး ဆက်ပြောလိုက်ပြန်တယ်။

"ခင်ဗျား ဖက်ထုတ်စားချင်ရင် ကျွန်တော်ချက်ပေးမယ်လေ"

ဟန်ချောင်တစ်ယောက်အံ့သြသွားရလေတယ်။

"မင်းက ကိုယ့်အတွက်ချက်ပေးမယ်ပေါ့"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now