Unicode
ဘက်ပေါက်စုံကနေ Killပြီး hot search မှာနေရာယူမယ်
"ဒီတော့"
ကောကျိုးက ရှန်ချင်းရှုကိုခင်မင်ရင်းနီးစွာကြည့်လာတယ်။
"အချိန်တွေအများကြီး၊ လူတွေအများကြီးရှိတဲ့အထဲမှာ ကျွန်တော့အိမ်နီးချင်းရဲ့ညီလိုလူမျိုးတွေက ဆန်ကုန်မြေလေးကောင်တွေမဟုတ်ပါဘူး.. သူတို့ရဲ့ဇနီးသည်ကိုမချစ်တာကိုတော့ ထားလိုက်ပါဦး.. သူတို့က သူတို့ရဲ့ငယ်ရွယ်မှုနဲ့ အတိတ်ကိုပြန်လည်လွမ်းဆွတ်ရုံလေးပါပဲ.. သူ့ရဲ့ဘဝကတိုတောင်းပြီး သူ့ရဲ့နောက်ဆုံးခရီးကအလျင်လိုနေပြီ.. သူတို့ရဲ့ သာမန်ရိုးရှင်းတဲ့ဘဝ အဆုံးမသတ်ခင်မှာ သူ့ရဲ့ငယ်ရွယ်စဥ်ကာလနဲ့ သူအလုပ်ကြိုးစားခဲ့တဲ့နှစ်တွေကိုပြန်လည် သွားကြည့်ချင်ရုံလေးပါ..အဲဒါက ဘာများမှားနေလို့လဲ"
"အချစ်ဦးပိုင်ယွဲ့ကွမ်းဆိုတာက သတ်မှတ်ချက်လေးပါပဲ တကယ့်တကယ်လိုချင်တာက သူ့ရဲ့ငယ်ရွယ်မှုပဲလေ.. သူမသာ ခွင့်မပြုခဲ့ရင် ငယ်ရွယ်မှုတွေကို ဆုံးရှုံးသွားရမှာပဲ"
Barrageပေါ်မှာတော့:
[ကောကျိုးဆိုတဲ့အတိုင်းပဲ ငါခဏလေးအတွင်းနားလည်သွားပြီ]
[ငါလည်းနားလည်တယ် တကယ်တော့ စိုးရိမ်စရာမှမလိုအပ်တာ ..ဘယ်သူကများသေခါနီးဆဲဆဲမှာအတိတ်က ငယ်ရွယ်မှုတွေကိုပြန်မတမ်းတလို့လဲ]
[ပြောရရင် အချစ်ဟောင်းကို ပြန်ပျိုးတာမှမဟုတ်ဘဲလေ.. သူတို့ကအတိတ်ကိုပြန်တူးဆွချင်ရုံပါပဲ.. ငါ့ရဲ့ငယ်ရွယ်မှုတွေထဲက ဖြူစင်သန့်ရှင်းတဲ့အချစ်ဦးက တကယ့်ကိုလှပတာ]
[ငါ့ရဲ့ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရမိသွားပြီ.. သူတို့တွေရဲ့အခုလက်ရှိအခြေအနေက ဘာပဲဖြစ်နေဖြစ်နေကိစ္စမရှိဘူး.. ငါက ငါ့ရဲ့ငယ်ရွယ်မှုကိုပြန်တမ်းတရုံလေးပဲ]
[ဘယ်သူကသဘောမတူဘဲနေမှာလဲ]
ရှန်ချင်းရှုက သဘောမတူဘူးလေ။
ရှန်ချင်းရှုက ကောကျိုးရဲ့စကားအဆုံးသတ်မှာရယ်မောမိလုနီးပါးပဲ။
"ပြိုင်ဘက်အသင်းက စကားရည်လုဖော်သူငယ်ချင်းလေးက ဇာတ်လမ်းတွေကိုပြောပြတဲ့နေရာမှာ အတော်လေးကောင်းမွန်တာပဲ.. ဒီတော့ ကျွန်တော်ကလည်း ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်.. ကျွန်တော့်ရဲ့ဝမ်းကွဲမှာ ဖန်ဖန်လို့ခေါ်တဲ့ ဝမ်းကွဲတစ်ယောက်ရှိတယ်.. ဖန်ဖန်က သာမန်ဘဝမှာနေထိုင်တဲ့ ကျောင့်တွင်းအဆင့်တွေကောင်းပြီး အလုပ်ကောင်းကောင်းလေးရထားတဲ့ ချစ်စရာကောင်မလေးတစ်ယောက်ပါ.. သူမက တစ်ကြိမ်တစ်ခါလေးတောင်မချစ်ခဲ့ဖူးဘူးလေ..

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer