Unicode
(Lucious_ ကိုယ့်ဟာကို double upချင် upမယ် fullpartတင်ရင်တင်မယ်ကွာ
မင်းတို့ဝေဘင်စရာမလိုဘူး ◑_◑)တစ်ကြောင်းထဲနဲ့ ကျော်ကြားလာပြီး မရေတွက်နိုင်တဲ့ fanတွေကိုဆွဲဆောင်ခြင်း
လွန်ခဲ့တဲ့တစ်နာရီခန့်ကိုပြန်သွားကြည့်ကြတာပေါ့။
ပရိုဂရမ်စတင်ထုတ်လွှင့်ပြသတဲ့အချိန်မှာပဲ ပရိုဂရမ်အဖွဲ့က ထုတ်လွှင့်မှုကို နောက်ကျမှဝင်လာတဲ့သူတွေ နားလည်စေဖို့အတွက် ဖိုရမ်တစ်ခုကိုဖွင့်လှစ်ခဲ့တယ်။
Hostမှ စကားရည်လုရမဲ့အကြောင်းအရာကို မိတ်ဆက်လိုက်ချိန်မှာတော့ ဖိုရမ်ပေါ်မှာရှိနေတဲ့အင်တာနက်အသုံးပြုသူတွေက အငြင်းအခုန် စဖြစ်လာကြပေပြီ။
တစ်စုံတစ်ယောက်က ထိုစကားရည်လုပွဲအကြောင်းအရာကိုဆွဲထုတ်ပြီး နောက်ထပ် postတစ်ခုအသစ်ဖွင့်ကာ အင်တာနက်အသုံးပြုသူတွေကို ထိုခင်ပွန်းသည်၏ဆန္ဒအား လက်ခံသင့်ပါရဲ့လားဆိုပြီး မေးခွန်းထုတ်လာတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ မခံမရပ်နိုင်ဖြစ်ခဲ့ကြလေရဲ့။
[လုံးဝကို ခွင့်မပြုပေးသင့်ဘူး! ဆန်ကုန်မြေလေးကောင်!]
ဒါပေမဲ့ တစ်ချို့လူတွေကတော့ တွေ့ဆုံခွင့်ပေးဖို့အဆင်ပြေတယ်လို့ ပြောလာကြပြန်တယ်။
[ဒီလိုကိစ္စမျိုးလောက်နဲ့ သူကဘာလို့ကျိန်ဆဲခံနေရမှာလဲ?]
ဒီတော့ ဒီခေါင်းစဥ်က တခဏချင်းဆိုသလို ဖိုရမ်ပေါ်မှာအချဥ်ဖောက်ခံလိုက်ရတယ်။
လူအများစုက ဧည့်သည်ပြိုင်ပွဲဝင်တွေက ဘယ်လိုမျိုး စကားရည်လုနေတာလဲဆိုတာကိုမြင်တွေ့နိုင်စေရန်အလို့ငှာ ထုတ်လွှင့်ပြသနေတဲ့ websiteထဲကိုဝင်ရောက်လာကြတယ်။
ဒီအချက်ကြောင့်ပဲ ရှန်ချင်းရှုအနေနဲ့ လူထုရဲ့အာရုံထဲသို့ အောင်မြင်စွာထိုးဖောက်ဝင်ရောက်နိုင်သွားခဲ့တယ်။
ဒီနေ့တွေမှာ ငွေကြယ်ပွင့်တွေနောက်ကိုလိုက်တဲ့ မိန်းကလေးတွေအနေနဲ့ ကြိုက်နှစ်သက်စရာ အနည်းငယ်လောက်သာရှိလေတယ်။ သူတို့ရဲ့အိုင်ဒေါတွေမှာ ကြည့်ကောင်းတဲ့ရုပ်ရည်ရှိရမယ်၊ သီချင်းဆိုနိုင် ၊ ကနိုင်ရမယ်။ ဒါမှမဟုတ်ရင်လည်း ဒရမ်မာ ဇာတ်လမ်းတွဲ သို့မဟုတ် movieတွေမှာ ကောင်းကောင်းသရုပ်ဆောင်နိုင်ရမယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Viễn tưởng_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer