(79) ကိုယ့်အပြင် မင်းမှာနောက်ထပ် တရားဝင်တွဲဘက်တွေရှိနေသေးလို့လား?

3.8K 658 50
                                    

Unicode

ကိုယ့်အပြင် မင်းမှာနောက်ထပ် တရားဝင်တွဲဘက်တွေရှိနေသေးလို့လား?

ရှန်ချင်းရှု ဟန်ချောင့်ကိုသံသယဝင်တာက အံ့သြစရာတော့မရှိပါဘူး။ အဓိကအချက်က သူက အခုချိန်မှသာ အောင်မြင်ကျော်ကြားလာခြင်းဖြစ်ပြီး ပထမအပိုင်းမှာ မပါဝင်ရသေးခင် လူအများမသိသေးတဲ့သူလေ။ ဒါပေမဲ့ "ရှန်ချင်းရှုရဲ့တစ်ဦးတည်းသောတရားဝင်တွဲဘက်"က ပထမဆုံးအပိုင်းမှာတင် သူ့ကိုတစ်သိန်းကျော်လောက်ပေးပြီး ပရိုဂရမ်အဖွဲ့တစ်ခုလုံးကိုတုန်လှုပ်အောင်လုပ်နိုင်ခဲ့တယ်။

နောက်တော့ ရှောင်လီက ဖန်ကလပ်ထဲတွင် ရင်းနီးကျွမ်းဝင်တဲ့နာမည်ကို မြင်တွေ့ခဲ့တာကြောင့် သူ့ရဲ့ဝေးပေါ်ကိုသွားကြည့်ခဲ့ပြီး ဝေးပေါ်အကောင့်ရဲ့နာမည် 'ချောင်' ကိုတွေ့သွားခဲ့တယ်။ ဒီတော့ ထိုရှာဖွေတွေ့ရှိမှုကို ရှန်ချင်းရှုထံသို့ အလျှင်အမြန်သတင်းပို့ခဲ့ပြီး ဟန်ချောင်ကိုသံသယဝင်စေခဲ့တာပဲ။

"ခင်ဗျားလား"

"မဟုတ်ရင်ရော"
ဟန်ချောင် သွေးရဲစွာပြောလိုက်တယ်။

"မင်းမှာ ကိုယ်မဟုတ်ဘဲ တခြားတရားဝင်တွဲဖက်တွေရှိနေသေးတာလား"

ရှန်ချင်းရှု:???

"ခင်ဗျားနဲ့ကျွန်တော်က တရားဝင်တွဲဖက်တွေမဟုတ်ဘူး"

ခင်ဗျားရဲ့တရားဝင်တွဲဖက်က အွန်လိုင်းမဖြစ်သေးဘူးလေဗျာ..

ဟန်ချောင်:"ဒါဆိုကိုယ်က 'ရှန်ချင်းရှုရဲ့တစ်ဦးတည်းသော တရားဝင်ကားပိုင်ရှင်'လို့ရေးသင့်တာလား ဒါမှမဟုတ် 'ရှန်ချင်းရှုရဲ့တစ်ဦးတည်းသောတရားဝင်ကားသူငယ်ချင်း'လို့လား? ကိုယ်က တရားဝင်တွဲဘက်လို့ပဲရေးနိုင်တာကို"

ဒါလည်းဟုတ်တာပဲ။ ရှန်ချင်းရှု ပထမနှစ်ခုကတော့ မသင့်လျော်ဘူးလို့တွေးလိုက်တယ်။

"ဒါပေမဲ့ ခင်ဗျား 'ရှန်ချင်းရှုရဲ့တစ်ဦးတည်းသောတရားဝင်ဒရိုက်ဘာလို့ရေးနိုင်တာပဲ"

"အထက်တန်းမဆန်ဘူး"
ဟန်ချောင် ငြင်းလိုက်တယ်။

" ကိုယ် မင်းကို ဆုလက်ဆောင်တွေပေးချင်တာလေ ဘယ်လိုဒရိုက်ဘာမျိုးက ဆုလက်ဆောင်ပေးဖို့တာဝန်ရှိတယ်လို့ တွေးနေတာလဲ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now