(84)ခင်ဗျား မနာလိုဖြစ်နေတာလား

3.7K 581 24
                                    

Unicode

ခင်ဗျား မနာလိုဖြစ်နေတာလား

ရှန်ချင်းရှုရဲ့ "ငါပြောတာကိုနားထောင်ကြည့်' ပရိုဂရမ်က ရိုက်ကူးရေးပြီးစီးသွားပြီဖြစ်ကာ မကြာခင်မှာပဲ "အချိန်ကိုအဓ္ဓမလုယူခြင်း"က စတင်ရိုက်ကူးရတော့မယ်။ ဒါကြောင့် သူ့ရဲ့ခရီးဆောင်အိတ်ကိုထုတ်ပိုးပြီး ဟန်ချောင်ရဲ့မပျော်မရွှင်ဖြစ်နေတဲ့အကြည့်တွေအောက်မှာပဲ အိမ်ကထွက်လာခဲ့တယ်။

"ခင်ဗျားရဲ့မျက်နှာက ဘာလို့မည်းမှောင်နေရတာလဲ"

ရှန်ချင်းရှု ကားထဲကိုဝင်လိုက်ပြီး မပျော်မရွှင်ဖြစ်နေတဲ့ဟန်ချောင့်ကို ကြည့်ကာ လှမ်းပြောလိုက်တယ်။

"ခင်ဗျားက ရှောင်လီကို ခြောက်လှန့်နေမိလိမ့်မယ်"

"မင်းက ထွက်သွားပြန်ပြီလေ ကိုယ်ပျော်နေနိုင်ပါဦးမလား"
ဟန်ချောင်သူ့ရဲ့ထိုင်ခုံခါးပတ်ကိုပတ်နေရင်းပြောလာတယ်။

ထိုင်ခုံခါးပတ်ကိုပတ်ပြီးနောက် ရှန်ချင်းရှုကိုစိုက်ကြည့်ရင်း:

"မင်းလိုမျိုး နှလုံးသားမဲ့တဲ့အမှိုက်လိုလူကဘဲ ဝမ်းမနည်းဘဲနေနိုင်မှာ"

ရှန်ချင်းရှု:.....

ရှန်ချင်းရှု ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ သူက မြင့်မားတဲ့တောင်တန်းတွေ၊ နက်ရှိုင်းတဲ့တောအုပ်တွေဆီကိုသွားနေတာမဟုတ်သလို သွားပြီးတဲ့နောက်မှာအဆက်အသွယ်ပြတ်တောက်သွားမှာလည်းမဟုတ်ဘူးလေ။ ဒီမြို့ထဲမှာပဲ ရိုက်ကူးရေးလုပ်နေရုံပဲကို။ မပျော်မရွှင်ဖြစ်နေစရာလိုလို့လား?

" ကျွန်တော် ခင်ဗျားဆီကို wechatကလည်း စာပို့မယ် နေ့တိုင်းလည်းဖုန်းခေါ်မယ်လို့ကတိပေးထားတယ်မဟုတ်ဘူးလား"

"ဒါက တူနိုင်ပါ့မလား"

ရှန်ချင်းရှုကတော့ ထိုအမျိုးသားက အမှန်တကယ်ကို ကပ်တွယ်လွန်းကြောင်းတွေးနေပြီ။ ထိုသူက သူ့ကို ကပ်တွယ်လွန်းတယ်လို့ပြောပေမဲ့ ဟန်ချောင်ကသာ အကပ်တွယ်တတ်ဆုံးလူပဲကို။

" ဒါဆိုလည်း ခင်ဗျားမှာအချိန်ရရင် ကျွန်တော့်ဆီကို ပိုပြီးလာလည်ပေးလေ"
သူ ဟန်ချောင်ဆီကို မှီလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now