(85)ချင်းချင်း: ဇာတ်လိုက်ရှို့ရေ နိဟောင်.. ငါ လိုင်းပေါ်က ဆင်းတော့မယ်နော်!

8.1K 753 47
                                    

Unicode

ချင်းချင်း:  ဇာတ်လိုက်ရှို့ရေ နိဟောင်.. ငါ လိုင်းပေါ်က ဆင်းတော့မယ်နော်!

ရှန်ချင်းရှုအနေနဲ့ သူ မုကျစ်နဲ့အတူအချိန်အကြာကြီးစကားပြောနေမိလိမ့်မယ်လို့မမျှော်လင့်ထားခဲ့မိဘူး။ သူ မုကျစ်ကို အံ့သြတကြီးနဲ့ပြောလိုက်မိတယ်။

"မုကော ၁၁နာရီတောင်ထိုးတော့မယ်"

မုကျစ်ကတော့ အတော်လေးနောက်ကျနေပြီဆိုတာကို သေချာပေါက်သိတာပေါ့။ သူတို့တွေ အကြောင်းအရာတွေအများကြီးကို ပြောနေခဲ့ကြတာလေ။

"နောက်ကျနေပြီလား"

သူအံ့ဩချင်ယောင်ဆောင်လိုက်တယ်။

"ဒါဆို မင်းအနားယူလိုက်တော့လေ ကိုယ်ပြန်လိုက်တော့မယ်"

"ကောင်းပါပြီ မုကော ဂရုစိုက်ပြန်နော်"

"မနက်ဖန်တွေ့မယ်"

"မနက်ဖန်တွေ့ကြတာပေါ့'

ရှန်ချင်းရှု ခုနတုန်းက ဟန်ချောင်ရဲ့ဖုန်းကိုချလိုက်မိတာကြောင့် ပြန်ခေါ်လိုက်တော့ ဟန်ချောင် မေးလာခဲ့လေတယ်။

"မင်းဘာလို့ ခုနတုန်းက ဖုန်းမဖြေတာလဲ"

"ခုနတုန်းက မုကောရှိနေသေးလို့ အဲတာက သိပ်အဆင်မပြေဘူးလေ"

"မုကော ဟုတ်လား..မင်းက နေ့တစ်ဝက်ထဲနဲ့တင် မုလောင်ရှီးကနေ မုကောလို့ပြောင်းခေါ်လိုက်ပြီလား"

ရှန်ချင်းရှု ရယ်မောလိုက်တယ်။

"ဒါက လေးစားမှုအရခေါ်တာပါ တကယ် ကောလို့ခေါ်တာမဟုတ်ဘူးလေ.. ခင်ဗျား ဘာတွေ အထူးအဆန်းလုပ်နေတာလဲ"

"မဟုတ်ရင် မင်းကသူ့ကိုတကယ်ကြီး ကောလို့ခေါ်ချင်နေသေးတာလား"

"မဟုတ်ရပါဘူး"
ရှန်ချင်းရှု အလျှင်အမြန်ငြင်းဆန်လိုက်တယ်။

"အဲဒါဆိုရင်တော့အကောင်းဆုံးပဲ"
ဟန်ချောင် စိတ်မကျေနပ်စွာနဲ့ ထပ်ပြောပြန်တယ်။

" ဒီတော့ မင်းတို့တွေ ၁၁နာရီလောက်အထိ အတူရှိနေခဲ့ကြတာပေါ့"

ရှန်ချင်းရှု သူ့ကိုချော့မော့ရပြန်ရဲ့။

"စာသားတွေ လေ့ကျင့်နေရုံပါပဲ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now