Unicode
ဟန်ချောင်ကတော့ ရှာလကာရည်တွေသောက်နေပြီ
သူ ပိုင်ကျန်းနဲ့ခဏလောက်စကားပြောပြီးချိန်မှာတော့ ဒါရိုက်တာကျန်းက သူ့ကိုလာရှာတာကြောင့် ပိုင်ကျန်းလည်းအလိုက်တသိထွက်ခွာသွားတယ်။
ရှန်ချင်းရှုတစ်ယောက် ဒါရိုက်တာကျန်းက ရုပ်ရှင်အကြောင်းကိုလာပြီးရှင်းပြနေတာကိုနားထောင်ပြီးနောက် မုကျစ်နဲ့ အတူတွဲပြီးသရုပ်ဆောင်ဖို့ ရိုက်ကွင်းဆီသို့ဝင်လာခဲ့တယ်။ သူ ရိုက်ကွင်းသို့ရောက်ပြီးချိန်မှာပဲ ရှုတင်က တရားဝင်စတင်ခဲ့ပြီ။
ဒီနေ့မှာတော့ သူနဲ့မုကျစ်တို့ ဇာတ်ဝင်ခန်းနှစ်ခုရိုက်ကူးခဲ့တယ်။ ရိုက်ကူးရေးပြီးနောက်မှာ ကောင်းကင်ကမှောင်မည်းနေပြီဖြစ်ပေမဲ့ ရှန်ချင်းရှုကတော့ အလျင်စလို ပြန်သွားဖို့ မလုပာခဲ့ဘဲ မုကျစ်နဲ့တခြားလူတွေဆက်လက်ရိုက်ကူးနေတာကို ခဏတာလောက်စောင့်ကြည့်သင်ယူနေခဲ့ပြီး ဗိုက်ဆာလာမှသာလျှင် ဟိုတယ်ကိုပြန်ပြီး ကျိုးကျင်းမင်တို့နဲ့အတူ ညစာစားခဲ့တယ်။
နောက်ဆုံးမှာတော့ သူ့အတွက် အားလပ်ချိန်ရောက်လာပြီဖြစ်တာကြောင့် ဟန်ချောင်နဲ့ ဇာတ်လိုက်ရှို့တို့အကြောင်းကိုတွေးတောဖို့အချိန်ရလာခဲ့ပြီ။
သူ ဟန်ချောင်ကို သူ့(ဟန်ချောင်)ရဲ့ဇနီးသည်က အွန်လိုင်းဖြစ်လာပြီဆိုတဲ့အကြောင်းကို ဘယ်လိုများပြောပြရမှာတဲ့လဲ။
ကားသူငယ်ချင်းဆက်ဆံရေးက ရုပ်ချည်းဖျက်သိမ်းလိုက်တော့မယ့်အကြောင်းကို ဟန်ချောင်မခံစားရအောင် သူဘယ်လိုများပြောရပါ့မလဲ။
ရှန်ချင်းရှု အသီးအနှံတွေစားနေရင်းနဲ့ ဦးနှောက်ကိုလှည့်ပတ်အလုပ်ပေးနေမိတယ်။ ဒါပေမဲ့ အဖြေကတော့ ထွက်မလာခဲ့ဘူး။
အိုင်းယား။ ဒီလိုမျိုး ရုတ်တရက်ဖြစ်လာတာ လက်မခံချင်လောက်စရာပဲ။ တစ်ဆင့်ပြီးမှတစ်ဆင့်သွားပြီး ကျိုးကြောင်းညီညွတ်တဲ့ဖြေရှင်းချက်သာမဟုတ်ခဲ့ရင် ဟန်ချောင်က လက်ခံလောက်မှာမဟုတ်ဘူး။
ရှန်ချင်းရှု စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ ညစာစားပြီးနောက် အခန်းကိုပြန်လာခဲ့တယ်။ သူ ဟန်ချောင်ကို အရင်ခေါ်လိုက်ဖို့စဥ်းစားလိုက်တယ်။ ထိုသူသာ ပိုင်ကျန်းကို ရွှေရောင်တောက်ပတဲ့နေခြည်အောက်မှာ ဖြူစင်သန့်ရှင်းမှုအပြည့်နဲ့မြင်တွေ့လိုက်ရရင် ကုန်းလိပ်ကြီးက မောင့်ပဲစေ့ကိုတွေ့မြင်လိုက်ရသလိုစိုက်ကြည့်နေလိမ့်မယ်ထင်တယ်။ ဒါဆို သူလည်း ထိုအခြေအနေအတိုင်းစီးမျောပြီး သူတို့ရဲ့ဆာ်ဆံရေးကိုဖျက်သိမ်းလိုက်လို့ရလိမ့်မယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer