(87) သူဂရုအစိုက်ဆုံးက ဟန်ချောင်ပဲ

2.8K 443 36
                                    

Unicode

သူဂရုအစိုက်ဆုံးက ဟန်ချောင်ပဲ

"အဆင်ပြေပါတယ်"
ဟန်ချောင် ရှန်ချင်းရှုဘက်ကိုလှည့်လာပြီး ကူကယ်ရာမဲ့နေဟန်ဖြင့်ပြောလာတယ်။

"မင်းဘာလို့ ဒီလောက်တောင်တုံးအ,နေရတာလဲ.. အင်္ကျီကော်လံကိုတောင် တည့်မတ်အောင်မလုပ်နိုင်ဘူး"

“ ကျွန်တော် တည့်အောင်မလုပ်နိုင်တာမဟုတ်ပါဘူး .. ဒါက တိုက်မိသွားတာ"
ရှန်ချင်းရှု ပြန်ငြင်းလိုက်တယ်။

သူ အနောက်မှာရှိနေတဲ့မုကျစ်ကိုကြည့်လိုက်ပြီး:

"မုကော အလုပ်ကိုပြန်သွားလိုက်တော့လေ ခုနကအတွက်ကျေးဇူးတင်ပါတယ်.. အခု ကျွန်တော့်သူငယ်ချင်းက ကူပေးဖို့ရောက်နေပြီ"

မုကျစ်က ဟန်ချောင့်ကိုကြည့်လိုက်တယ်။ သူ့ဘက်ကို အာရုံစိုက်မှုနည်းနည်းလောက်တောင်မပေးပါပဲ ရှန်ချင်းရှုရဲ့ကော်လံကိုပြင်ဆင်ပေးဖို့ကိုသာ စိတ်ပါဝင်စားမှုအပြည့်ရှိနေတဲ့အမျိုးသားကိုပေါ့။ သူက အတော်လေးကို ပိုင်ဆိုင်လိုစိတ်များတဲ့ပုံရတယ်။ ပြောရမယ်ဆိုရင် ဒရိုက်ဘာတစ်ယောက်၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်နဲ့မတူညီပါဘဲ ချစ်သူရည်းစားတစ်ယောက်လိုမျိုး။

သူတို့ရဲ့ ဆက်ဆံရေးကဘာလဲဆိုတာကို ဘယ်သူကသိမှာတဲ့လဲ။

"အမ် .. ဒါဆို ကိုယ်သွားတော့မယ်"
မုကျစ် စကားအများကြီးပြောမနေတော့ပါပဲ ထိုအကြောင်းကိုနောက်နေ့ရောက်မှ ရှန်ချင်းရှုနဲ့ပြောဖို့တွေးလိုက်တယ်။

ဟန်ချောင်သည်ကတော့ ထိုသူထွက်သွားတာကိုမြင်တာနဲ့တပြိုင်တည်း ရှန်ချင်းရှုကိုစာရင်းရှင်းလေတော့တယ်။

"မင်း ကိုယ့်ကိုဘယ်လိုကတိပေးထားလဲ"

ရှန်ချင်းရှု: "ကျွန်တော် သူနဲ့တကယ် ကိုယ်ရေးကိုယ်တာကိစ္စတွေ မပြောခဲ့ဘူး"

“ကောင်းပြီ.. မင်းသူနဲ့ ကိုယ်ရေးကိုယ်တာအကြောင်းမပြောခဲ့ဘူး .. မင်းက သူနဲ့အတူ သူ့အကြောင်းတွေကိုပဲ ပြောခဲ့တာပဲ"

ရှန်ချင်းရှုကတော့မှားယွင်းခံနေရသလိုခံစားနေရပြီ။

"ရှောင်လီက ကျွန်တော့်အနားမှာမရှိဘူး ကျိုးကောကလည်းအလုပ်ရှုပ်နေတာလေ.. သူမြင်သွားတော့ ကျွန်တော့်ကိုကူညီပေးချင်ခဲ့တာ .. ကျွန်တော့်မှာသဘောမတူစရာအကြောင်းပြချက်လည်းမရှိလို့ သဘောတူလိုက်ရတာပါ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now