(89)ဒါမှမဟုတ် မင်း ကိုယ်နဲ့အတူ မသွားချင်တာလား

3.2K 457 15
                                    

Unicode

ဒါမှမဟုတ် မင်း ကိုယ်နဲ့အတူ သွားချင်တာလား

E T/n _ Countdownလေး စရအောင် (4,..)
T/n _ အားလုံးပဲ ဖိုက်တင်းပါ ဟီးဟီး

"မဟုတ်ပါဘူး .. စိတ်ခံစားချက်နည်းနည်းများသွားရုံပါ"
ရှန်ချင်းရှု တီးတိုးလေးပြန်ပြောလိုက်တယ်။

" မင်းက ဒီညမှာ ဇာတ်ညွှန်းဖတ်ရင်းနဲ့တောင် ခုလိုမျိုးဖြစ်နေတယ်.. ကိုယ့်ကိုတခြားအခန်းကိုသွားပြီးအိပ်စေချင်သေးတာလား"

ရှန်ချင်းရှု သူ့ကိုကြည့်ပြီးနောက် သူအရမ်းပဲ အတွေးလွန်နေသလားလို့ထင်မိလာတယ်။ ထိုစကား(ခွဲအိပ်ဖို့)ကို သူက အရင်တောင်းဆိုခဲ့တာဖြစ်ပေမဲ့ အခုချိန်မှာ ဟန်ချောင်က သဘောတူပေးလာတော့လည်း ခွင့်မပြုချင်ပြန်ဘူး။

ဒါပေမဲ့ သူခေါင်းညိတ်နေတုန်းပဲ။

"အမ်"

ဟန်ချောင် သူ့ရဲ့မျက်နှာလေးကို လိမ်ဆွဲလိုက်ကာ အိပ်ယာထဲမှထွက်လိုက်တယ်။

"တော်တော်လေးနောက်ကျနေပြီ .. မင်းအနားယူလိုက်တော့လေ .. ကိုယ်သွားတော့မယ်"

"အိုခေ"
ရှန်ချင်းရှု ပြန်ဖြေလိုက်တယ်။

သူ ဟန်ချောင်ကို အခန်းပြင်သို့ထိ လိုက်ပို့ပေးလိုက်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်ကာ တစ်ဖက်လူတစ်လှမ်းချင်းထွက်ခွာသွားတာကို ကြည့်နေပြီးမှ ဖြည်းညှင်းစွာတံခါးကိုပြန်ပိတ်လိုက်တယ်။

ရှန်ချင်းရှု တံခါးကိုကျောခိုင်းကာ မှီလိုက်ပြီး အချိန်ခဏလောက်ကြာမှ အခန်းတွင်းကိုဖြည်းညှင်းစွာဝင်သွားလိုက်တယ်။

သူ အိပ်ယာထဲကိုဝင်ဖို့ အလျှင်မလိုပါဘဲ ဇာတ်ညွှန်းစာရွက်တွေကိုပဲ ပြန်ကြည့်လိုက်ပြန်တယ်။ တကယ်တမ်းမှာ သူက ဇာတ်ညွှန်းကို တော်တော်လေးရင်းနီးနေခဲ့ပြီ။ သူမျက်လုံးမှိတ်လိုက်ရင်တောင် ထိုစာကြောင်းတွေကိုမြင်နေရပြီဖြစ်ပေမဲ့လည်း ဆက်ပြီးဖတ်ချင်နေတုန်းပဲ။

ဘာလို့လဲဆိုတော့ သူဇာတ်ညွှန်းဖတ်နေတဲ့အချိန်မှာမှ နှလုံးသားက အေးချမ်းနေလိမ့်မယ်။ ဘာကိုမှလည်း တွေးတောနေမိတော့မှာမဟုတ်သလို လူတစ်ကိုယ်လုံးကတည်ငြိမ်နိုင်နေခဲ့တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now