92. သူ ရှန်ချင်းရှုကိုမချစ်နိုင်တာတော့ ... မဟုတ်ဘူးပဲ
T/n _ countdown (1,...)
ပိုင်ရွှယ်ကောတစ်ယောက် ဂိမ်းကစားနေတုန်းမှာ ဟန်ချောင်ထံမှဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်တယ်။ အချိန်က တော်တော်ကြီးနောက်ကျနေပြီလေ။ ဒီ၂စ်ယောက်က ဘာကိစ္စများရှိနေတာလဲ။
သူ စပ်စုလိုစိတ်နဲ့ ပြန်ဖြေဖို့ခလုပ်ကို ဖိကာ ဖုန်းကိုနားရွက်နားသို့ ကပ်လိုက်တယ်ဆိုရင်ပဲ ဟန်ချောင်ရဲ့အော်ဟစ်သံက ဖုန်းတစ်ဖက်ဆီမှ ကျယ်လောင်စွာထွက်ပေါ်လာလေရဲ့။
"သူက အသည်းနှလုံးမရှိတဲ့ကောင်ပဲ!"
ပိုင်ရွှယ်ကော:.... ကောင်းပြီ။ အခုတော့ ဟန်ချောင် သူ့ကိုဘာအတွက်ဖုန်းခေါ်တာလဲဆိုတာကို သိသွားရပြီ။ ရှန်ချင်းရှုအကြောင်းကလွဲရင် ဘာများရှိဦးမှာလဲ!
အဆုံးသတ်မှာ သူတို့နှစ်ယောက်က [ ရှန်ချင်းရှုဆန့်ကျင်ရေး မဟာမိတ်]ရဲ့ ကျောရိုးအဖွဲ့သားတွေပဲလေ။ သူတို့နှစ်ယောက်တည်းပဲရှိတာ သေချာတယ်ဆိုပေမဲ့ပေါ့။
" သူ့မှာ ခံစားချက်ဆိုတာ လုံးဝမရှိဘူး !.. မကောင်းတဲ့ကောင်! ဆန်ကုန်မြေလေးကောင်ပဲ! အမှိုက်ကောင်အကြီးစားကြီး! နှလုံးသားမရှိတဲ့ကောင်!"
"ဘာဖြစ်လာတာလဲ.. ဘာကိစ္စဖြစ်ခဲ့လို့လဲ"
ပိုင်ရွှယ်ကော သူ့ရဲ့အော်ဟစ်သံကို နားထောင်ပြီး ပြန်မေးလိုက်တယ်။
"ခင်ဗျားတို့နှစ်ယောက် ဘာတွေများဖြစ်လာကြတာတုန်း"
"ငါတို့နှစ်ယောက် ဟုတ်လား.. ဘယ်နားမှာ ငါတို့နှစ်ယောက်ဆိုတာရှိလို့လဲ? ငါတို့နှစ်ယောက်ရဲ့အကြောင်း ဆိုပြီး ဘယ်လိုများပြောနိုင်မှာလဲ.. ငါတို့နှစ်ယောက်တဲ့လား.. မင်း ငါ့ကိုအလွန်အကြူးမျှော်လင့်ထားတာပဲ"
ပိုင်ရွှယ်ကော:... ကြည့်ရတာ ကိစ္စက အတော်လေးတော့ ပြင်းထန်နေတဲ့ပုံပဲ။ ဒီပုံမှန်မဟုတ်တဲ့စကားတွေကို နားထောင်ကြည့်စမ်း။
"စကားများလာတာလား .. အိုး စိတ်တိုမနေစမ်းပါနဲ့.. အထင်လွဲတာတစ်ခုခုရှိနေလို့ဖြစ်မှာပါ.. ရှန်ချင်းရှုက ခင်ဗျားအပေါ် အရမ်းကိုကောင်းတာလေ.. ခင်ဗျား မသိတဲ့ ကိစ္စတစ်ခုခုရှိနေတာဖြစ်ရမယ်.. ပြောပါဦး ဘာတွေဖြစ်လာတာလဲ"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer