93. မင်းသာ ချစ်ကျွမ်းဝင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ပဲရွေးချယ်ပေးပါ

3.8K 483 50
                                    

Unicode

(T/n _ countdown 0 ... ဗွမ်း !
အရှိန်ပျက်မှာစိုးလို့ အပိုင်းရှည်ကြီးကို မဖြတ်ပဲ တင်ပေးလိုက်ပြီ
စနေနေ့မှပြန်လာမယ်နော်:3)

93. မင်းသာ ချစ်ကျွမ်းဝင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ပဲရွေးချယ်ပေးပါ

ရှန်ချင်းရှု အိပ်ယာပေါ်မှာ ငေးကြောင်စွာနဲ့ ထိုင်နေခဲ့တယ်။

ညကနက်လာပြီဖြစ်ပြီး သူအိပ်သင့်နေပြီ။ ဒါပေမဲ့ သူအိပ်မပျော်နိုင်ဘူးလေ။

သူ အိပ်ယာထဲမှထကာ ရေချိုးခန်းဆီကို သွားပြီး ကိုယ့်ကိုယ်ကိုယ်မှန်ထဲကနေစိုက်ကြည့်နေမိတယ်။

ယုန်လေးတစ်ကောင်ရဲ့မျက်လုံးတွေလိုမျိုး မျက်ဝန်းတွေကနီရဲနေခဲ့ပြီ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ နီရဲရုံသာဖြစ်ပြီး ယောင်ကိုင်းနေတာမျိုးတော့မဟုတ်ဘူး။

ရှန်ချင်းရှု အနည်းငယ်စိတ်ပူနေသေးတာကြောင့် သဘက်တစ်ထည်ကိုယူကာ ရေအေးနဲ့စိမ်လိုက်ပြီး မျက်လုံးတွေကို ကပ်ပေးလိုက်တယ်။

ဒါတွေကိုအချိန်အနည်းငယ်ကြာအောင်လုပ်ပြီးချိန်မှာတောင် သူ့ရဲ့စိတ်တွေက မတည်ငြိမ်နိုင်သေးဘူး။ ဒါကြောင့် တဘက်ကိုပြန်ထားကာ အိပ်ခန်းထဲကို ပြန်လာခဲ့ပြန်တယ်။

ရှန်ချင်းရှု အိပ်ဖို့တွေးလိုက်တယ်။ မနက်ဖန်ကျရင် ရိုက်ကူးရေးရှိသေးတယ်လေ။ သူ အိပ်ပျော်သည်ဖြစ်စေ အိပ်မပျော်သည်ဖြစ်စေ မနက်စောစောထရဦးမှာပဲ။

သူ အိပ်ယာပေါ်ကိုလှဲကာ မီးပိတ်ခါနီးမှာပဲ တံခါးခေါက်သံကြားလိုက်ရတယ်။

တံခါခေါက်သံက မြန်လည်းမမြန်သလိုနှေးလည်းမနှေးဘူး။ ထိုပုဂ္ဂိုလ်ထံမှာ တစ်ကမ္ဘာလုံးက အချိန်တွေရှိနေသလိုမျိုးပဲ။ ရှန်ချင်းရှုအနေနဲ့ စိတ်ခံစားချက်မကောင်းတာကြောင့် အခုချိန်မှာ ဘယ်သူ့ကိုမှ တံခါးထဖွင့်ပြီးတွေ့မြင်ချင်စိတ်မရှိဘူး။ သူ့ဘာသာသူပဲနေချင်တာ။

ဒါပေမဲ့ တံခါးခေါက်သံက ဆက်လက်ထွက်ပေါ်နေခဲ့တယ်။

ရှန်ချင်းရှု နားကျပ်တပ်ကာ မြူးကြွတဲ့သီချင်းတွေ ဖွင့်ထားလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now