(94)ကျွန်တော် သည်းမခံနိုင်ဘူး

3.9K 523 18
                                    

Unicode

94. ကျွန်တော် သည်းမခံနိုင်ဘူး။ ကျွန်တော့်အတွက်လည်း မလွယ်ကူပဲ အပြစ်ရှိသလိုခံစားရတယ်

ရှန်ချင်းရှု ခေါင်းခါလိုက်တယ်။

"ကျွန်တော် မဖြစ်ချင်ဘူး"

ဟန်ချောင် သူ့ရဲ့အငြင်းစကားကိုကြားတော့ ကူကယ်ရာမဲ့စွာပြောလိုက်မိတယ်။

"ဒါဆို မင်းဘာလို့ငိုနေတာလဲ"

ရှန်ချင်းရှု:...

ရှန်ချင်းရှု တိတ်ဆိတ်သွားမိတယ်။

"မင်းက ကိုယ်အလေးအနက်မထားမှာကို ကြောက်နေတာ ဟုတ်တယ်မလား"

ဟန်ချောင် သူ့ကိုမေးလိုက်တယ်။

"မင်းက ကိုယ်မင်းနဲ့လမ်းမခွဲချင်တဲ့အတွက် မင်းနဲ့အချစ်အကြောင်းကိုပြောပြီးလိမ်ညာမှာကို ကြောက်နေတာ.. ကိုယ် မင်းကို ကားသူငယ်ချင်းအဖြစ် ဆက်ပြီးလိုချင်သေးတဲ့အတွက် ..မင်းအဲလိုတွေးနေတာ ဟုတ်တယ်မလား"

" မင်းက မုကျစ်က သင့်တော်တဲ့အတွက် သူနဲ့ကြိုးစားကြည့်ချင်တယ်လို့ ပြောခဲ့တယ်.. ဒါပေမဲ့ ကိုယ်နဲ့တော့ မကြိုးစားရဲဘူး .. အဆုံးသတ်မှာ မင်းဆီမှာ ဘာမှမကျန်ရစ်တော့မှာကိုကြောက်နေတာမလား.. ဘာလို့လဲဆိုတော့ ကိုယ်က မင်းကိုချစ်တာမဟုတ်ဘဲ မင်းနဲ့အရင်ရှိနေတဲ့ဆက်ဆံရေးကိုထိန်းသိမ်းချင်ရုံသက်သက်လို့ မင်းတွေးနေလို့ ဟုတ်တယ်မလား"

ရှန်ချင်းရှု သူ့ရဲ့အကြည့်တွေကို အောက်သို့နှိမ့်ချလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။

"ဒါဆို မင်းဘာကိုကြောက်နေရတာလဲ?  ရှန်ချင်းရှု ..မင်း ကိုယ့်ကိုငြင်းရတဲ့အကြောင်းပြချက်ကဘာလဲ"

ရှန်ချင်းရှု သူ့ရဲ့အကြည့်ကို တစ်ဖက်လူထံသို့ တိတ်ဆိတ်စွာပြန်ရွှေ့လိုက်တယ်။

အချိန်တွေကြာမြင့်လာမှ ပြောလာခဲ့တယ်။

"ခင်ဗျားရဲ့ ကံကြမ္မာဖက်က ကျွန်တော်မဟုတ်ဘူး"

သူ ထပ်ပြောလိုက်တယ်။

"ဟန်ချောင် ကျွန်တော် ခင်ဗျားကိုလိမ်နေတာမဟုတ်ဘူး.. ခင်ဗျားက ပိုင်ကျန်းနဲ့ တကယ်ကို အများကြီးကံဆုံနေခဲ့တာ.. ကျွန်တော် အိပ်မက်မက်ခဲ့တယ်.. ကျွန်တော့်ရဲ့အိပ်မက်ထဲမှာ ခင်ဗျားတို့နွေဦးရာသီမှာ တွေ့ဆုံခဲ့ကြတယ် ရင်းနီးလာကြပြီး ချစ်မိသွားကြတယ်တဲ့..

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now