95.လှေလည်းမဟုတ်သလို .. လေလည်းမထန်ဘူး.. မင်းရဲ့နှလုံးသားက လှုပ်ရှားနေတာ

3.6K 466 37
                                    

95.❤လှေလည်းမဟုတ်သလို .. လေလည်းမထန်ဘူး.. မင်းရဲ့နှလုံးသားက လှုပ်ရှားနေတာ

"ကျွန်တော့်ကို အောက်ချပေး"
ရှန်ချင်းရှု အလျှင်အမြန်ဆိုလိုက်တယ်။

ဟန်ချောင်ကတော့ သူ့ရဲ့စကားကိုနားမထောင်လေဘူး။

"ကိုယ်မင်းကို ဖက်ထားမှာပဲ.. မင်းမှာ အရည်အချင်းရှိရင် ကိုယ့်ကိုရိုက်ကြည့်လေ"

ရှန်ချင်းရှု:...

ဟန်ချောင် ခပ်ဟဟရယ်မောလိုက်ပြီး တစ်ဖက်လူက သူ့ရဲ့လက်ကိုမြှောက်ဖို့ တွန့်ဆုတ်နေမယ်ဆိုတာကို သိနေခဲ့တယ်။

သူ ရှန်ချင်းရှုကို အိပ်ခန်းဆီသို့ ပွေ့ချီသွားလိုက်ပြီး အိပ်ယာပေါ်မှာချပေးလိုက်တယ်။

ရှန်ချင်းရှု သူ့ကိုစိုက်ကြည့်လိုက်တယ်။

"ကျွန်တော် ခင်ဗျားနဲ့အိပ်မှာမဟုတ်ဘူးနော်"

"ကိုယ်တို့တွေ စောင်ခွဲပြီးအိပ်ရမယ်ဆိုတာ ကိုယ်မှတ်မိပါတယ်နော်"

ဟန်ချောင် သူ့အနားကစောင်ကို ခါယမ်းပြလိုက်တယ်။

"ဒီမှာ"

တစ်ဖက်လူက သူ့ရဲ့စောင်ထဲကိုဝင်သွားတာမြင်မှ ရှန်ချင်းရှုစိတ်သက်သာရာရသွားတယ်။
ဟန်ချောင်က အိပ်ယာပေါ်ကိုလှဲချလိုက်ရင်း သူ့ကိုကြည့်ကာ ရည်ရွယ်ချက်ရှိရှိပြောလာတယ်။

" မင်းအခုခြုံထားတဲ့စောင်က ကိုယ်ခုနတုန်းကခြုံခဲ့တဲ့စောင်မဟုတ်ဘူးလား"

ရှန်ချင်းရှု:...

ရှန်ချင်းရှု ထထိုင်ပြီး စောင်လဲဖို့လုပ်လိုက်ပေမဲ့ ဟန်ချောင်က အလျှင်အမြန်ပြန်ဆွဲချလိုက်ပြီး သူအခုလေးတင်ခြုံထားတဲ့စောင်ကို လွှမ်းခြုံပေးလိုက်တယ်။

"ဒီတစ်ခုလည်း ကိုယ်ခြုံပြီးသားပဲ .. ဒီတစ်ခုမှာရှိတဲ့ ကိုယ့်ရဲ့အပူရှိန်က ပိုတောင် လတ်ဆတ်သေးတယ်"

ရှန်ချင်းရှု:!!!

ဟန်ချောင် သူ့ကိုစိုက်ကြည့်ပြီး:

"ပြောရမယ်ဆိုရင် မင်းနဲ့ကိုယ်နဲ့က ဒီစောင်နှစ်ထည်ပေါင်းစပ်တဲ့အချိန်တွေထက်ပိုပြီး အတူအိပ်ခဲ့ကြတာလေ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now