(97.1)မင်း singleအဖြစ်ရှိနေသေးရဲ့လား🍀

2.7K 417 11
                                    

Unicode

(97)မင်း singleအဖြစ်ရှိနေသေးရဲ့လား🍀

"သေချာတာပေါ့"
ဟန်ချောင် သူ့ကိုစိုက်ကြည့်လာတယ်။

"ကိုယ်ထွက်သွားပြီးရင် အလုပ်ခွင်ပြင်ပမှာ မုကျစ်နဲ့အဆက်အသွယ်လုပ်ဖို့ခွင့်မပြုဘူးနော်"

ဒီလူကတော့.. ထပ်ပြီးရှာလကာရည်တွေသောက်နေပြန်ပြီ။

"ကျွန်တော့်မှာ သူနဲ့အလုပ်ကိစ္စကလွဲပြီးလုပ်စရာ ဘာကိစ္စမှမရှိပါဘူး"

"မင်းက သူ့နဲ့ကြိုးစားကြည့်ချင်ခဲ့သေးတယ်လေ"

ဟန်ချောင်က စာရင်းဟောင်းတွေကို အစဖော်ဆွဲထုတ်လာတယ်။

"မင်း ချစ်သူလိုချင်ရင် ကိုယ်နဲ့ကြိုးစားကြည့် .. တခြားလူတွေ ..အထူးသဖြင့် သူနဲ့ကတော့ စဥ်းတောင်မစဥ်းစားလိုက်နဲ့"

ရှန်ချင်းရှု:....

ရှန်ချင်းရှုသူ့ကို တွန်းထုတ်လိုက်တယ်။

"ကျွန်တော်သွားတော့မယ် မြန်မြန်ပြန်လိုက်တော့"

"ကိုယ်ပြောတာကို ကြားရဲ့လား"

"ကျွန်တော် ကြားတယ်ဆိုရင်တောင် ခင်ဗျားဂရုစိုက်နေစရာမလိုဘူးလေ.. မြန်မြန်လေးသွားလိုက်တော့"

ဟန်ချောင် သူ့ရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။

"ကိုယ်နောက်တစ်ကြိမ်ပြန်လာလို့ မမြင်သင့်တာ တစ်ခုခုမြင်ခဲ့မယ်ဆိုရင် ကိုယ်မင်းကို လှောင်အိမ်ထဲကို ပို့မယ့်အချိန်ကို စောင့်နေလိုက်တော့"

ရှန်ချင်းရှု:.????

ဟန်ချောင် ရယ်မောလာတယ်။

"ရွှေသားအတိနဲ့လုပ်ထားပြီး ပုံစံကွက်တွေဖော်ထားတဲ့ နှစ်မီတာလောက်ကြီးတဲ့လှောင်အိမ်နော် .. မင်းရဲ့အိပ်ခန်းနဲ့ လုံးဝကိုသင့်တော်တယ်"

ရှန်ချင်းရှု:....

"ဒါမှမဟုတ် ပုံစံကွက်မပါတဲ့ဟာလား.. မင်းရဲ့ပထမဆုံးနိုဗယ်ထဲကလိုမျိုး သွန်းထုတဲ့တစ်စုံတစ်ယောက်ကို ကိုယ်လိုက်ရှာလိုက်မယ်လေ.. တိုင်တစ်ခုချင်းစီမှာ အံ့သြဖွယ်ရာကောင်းပြီး မြင့်မားတဲ့ဇာတ်ရှိန်တွေပါဝင်တဲ့ဇာတ်ကွက်တွေကို ထွင်းထုခိုင်းလိုက်မယ်.. မင်းအားတဲ့အချိန်တွေမှာ မပျင်းရိရအောင် ဖတ်နေလို့ရတာပေါ့"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now