(98)မူရင်းနိုဗယ်လည်း ဖာ့ခ်ပဲ !

2.9K 454 74
                                    

Unicode🍀

မူရင်းနိုဗယ်လည်း ဖာ့ခ်ပဲ ! အဲဒီမူရင်းနိုဗယ်ကို သူဆုတ်ဖြတ်ပစ်တော့မှာ!

" မင်းက ငါ့အကြောင်းတွေးနေတယ်ပေါ့ .. ငါမင်းကို ခေါ်ခဲ့တုန်းက မင်းဘယ်မှာလဲ? ငါ မင်းကိုတွေ့ချင်နေတုန်းကရော ဘယ်နေရာမှာလဲ?"

"ကိုယ်မှားတာပါ ရှောင်ကျန်း.. စိတ်မဆိုးပါနဲ့.. ကိုယ် မတိုင်ခင်တုန်းက နည်းနည်းအလုပ်ရှုပ်နေခဲ့တာ.. ကိုယ်တောင်းပန်ပါတယ်ကွာ"

" မင်း ဘာတွေလုပ်နေခဲ့တာလဲ"
ပိုင်ကျန်း ပြန်မေးလိုက်တယ်။

"မင်း ဘယ်သူနဲ့ အလုပ်တွေများနေတာလဲ"

" မင်း ဘာပြောချင်တာလဲ ရှောင်ကျန်း.. မင်း ကိုယ့်ကို သံသယဝင်နေတာလား?"

ရှန်ချင်းရှု ပိုပြီး နားထောင်မိလေလေ မှားယွင်းနေသလိုမျိုး ခံစားချက်က ပိုတိုးလာလေလေပဲ.. အဲဒီလူနဲ့ ပိုင်ကျန်းရဲ့ကြားက ဆက်ဆံရေးက ဘာလဲ?

ဘာလို့ လေသံက ဒွိဟဖြစ်နေစေတာလဲ?

ပိုင်ကျန်းက ဟန်ချောင်မတိုင်ခင်မှာ ရည်းစားရှိခဲ့သေးတာလား?

သူ သိချင်စိတ်အပြည့်နဲ့ လမ်းလျှောက်သွားလိုက်တယ်။ ပိုင်ကျန်းရဲ့ ရည်းစားဟောင်းကိုတွေ့ချင်သလို ပိုင်ကျန်းကိုလည်း ကူညီချင်တယ်လေ။

သို့ပေမဲ့ သူ ကားကိုဖြတ်ကျော်ပြီးနောက် မနီးမဝေးမှာရှိတဲ့လူနှစ်ယောကာကိုမြင်လိုက်ရချိန်မှာပဲ ပိုင်ကျန်းရဲ့ရည်းစားဟောင်းက တစ်စုံတစ်ယောက်လာတာကို သတိပြုမိသွားပြီး သူ့ကိုလှည့်ကြည့်လာတယ်။

မျက်လုံးလေးလုံးက စုံဆည်းသွားပြီးနောက် ရှန်ချင်းရှုတစ်ယောက် ကြောင်အမ်းသွားရတယ်။ သူက မနီးမဝေးမှလူကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီး သူ့ရဲ့နှလုံးသားကလည်း အောက်ခြေအထိပြုတ်ကျသွားခဲ့ရတယ်။

နောက်တစ်စက္ကန့်မှာပဲ အခြေအမြစ်မရှိတဲ့ဒေါသတွေက သူ့တစ်ကိုယ်လုံးကိုစီးဆင်းလာတော့တယ်။ ရှန်ချင်းရှုတစ်ယောက် သူ့နှလုံးသားအောက်ခြေအတွင်းမှ အေးစက်စက်ဒေါသစိတ်ကိုခံစားမိတယ်။ သူက မနီးမဝေးဆီမှ လူကိုကြည့်ကာ လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်မိတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now