(100)နမ်း နမ်း.. ဖက် ဖက်.. ချစ်လိုက်ကြစို့

3.5K 462 21
                                    

Unicode🍀

(100)နမ်း နမ်း.. ဖက် ဖက်.. ချစ်လိုက်ကြစို့

ရှန်ချင်းရှု ချက်ချင်းပဲပျော်ရွှင်သွားရတယ်။ သူ့ရဲ့နှလုံးသားထဲမှ အဖူးအငုံလေးတွက တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာကြကာ ပန်းခင်းကြီးဖြစ်လာခဲ့ပြီ။

သူက "အိုး"လို့အသံပြုလိုက်ကာ ဟန်ချောင်ကိုမော့ကြည့်ရင်း မရယ်ဘဲမနေနိုင်တော့ဘူး။

ဟန်ချောင် သူ့ရဲ့ပုံစံလေးကိုမြင်တော့ သူခေါင်းကိုထိပွတ်ဖို့ လက်ဆန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့လက်တွေက လက်အိတ်ဝတ်ထားဆဲဖြစ်တာကို မြင်တော့ အသာပြန်ရုတ်လိုက်ရပြန်တယ်။

"စားလေ"
ဟန်ချောင် အပြုံးနဲ့ပြောလိုက်တယ်။

"မင်း စားလို့ကုန်သွားရင် ကိုယ်ထပ်ခွာပေးမယ်"

ရှန်ချင်းရှုရဲ့နှလုံးသားထဲမှ ပန်းဖူးလေးတွေက နေရောင်ခြည်နဲ့ထိတွေ့ကာ အလင်းရောင်ကို ခံစားမိလာကြတယ်။

သူ့ရဲ့တူကို ချိုမြန်နူးညံ့တဲ့ခံစားချက်တွေနဲ့ ကိုက်ခဲလိုက်တယ်။

ဒီနေ့ပုစွန်တွေက ချိုလိုက်တာ။

နေ့လည်စာပြီးတော့ သူတို့တွေ ဟိုတယ်ခန်းကိုပြန်လာခဲ့ကြတယ်။

ရှန်ချင်းရှုက အိပ်ငိုက်နေပြီး တစ်ရေးလောက် အိပ်ချင်နေခဲ့တယ်။ ဟန်ချောင်ကလည်း ခဏလောက်အနားယူချင်နေခဲ့တာကြောင့် ရှန်ချင်းရှုရဲ့ဘေးကို တိုးဝှေ့လိုက်ကာ:

"ကိုယ်မင်းနဲ့ အိပ်လို့ရမလား"

ရှန်ချင်းရှု ငြင်းလိုက်တယ်။

"ခင်ဗျားက လိုက်နေတုန်းအဆင့်မှာပဲရှိသေးတာလေ.. ဘယ်လိုလုပ် လိုက်နေတဲ့သူနဲ့အတူအိပ်လို့ရမှာလဲ"

ဟန်ချောင်;!!!

"မင်းကိုယ့်ကို တိုးတက်မှုအတွက်အကျိုးကျေးဇူးတချို့လောက် မပေးနိုင်ဘူးလား"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now