Unicode🍀
ငါ ရှန်ချင်းရှုကိုကြိုက်တယ်။
ပိုင်ကျန်း သူ့နောက်မှ အလျှင်အမြန်လိုက်ကာ အနီးမှာရှိနေတဲ့ လှေကားထောင့်နားကို လိုက်ဝင်ခဲ့တယ်။
ဟန်ချောင်က လှေကားနားမှာရပ်ကာ သူ့ကိုမေးလာတယ်။
"မင်း ဘာပြောချင်တာလဲ"
ပိုင်ကျန်းက မျက်လုံးတွေကိုပင့်မကာ တုံ့ဆိုင်းမှုအနည်းငယ်နဲ့ ကြည့်လာတယ်။ သူက လက်မောင်းကြားထဲမှာပစ္စည်းတွေကိုပွေ့ပိုက်ထားပြီး ပြောလိုက်တယ်။
"ဟန်ကော ခင်ဗျား ကျွန်တော့်ကို တကယ်အလျော်ပေးစရာမလိုပါဘူး.. ကော အရင်က ကျွန်တော့်ကိုကူညီပေးထားတာပဲလေ.. ဟိုတယ်ခအတွက်လည်း ပေးချေပေးထားတာ ..ဒါကြောင့် ကျွန်တော်က ဘယ်လိုလုပ်ပြီးလျော်ကြေးငွေလက်ခံနိုင်ပါ့မလဲ"
သူ့စကားကိုကြားတော့ ဟန်ချောင်က သူဟိုတယ်ခ လေးထောင်ပေးခဲ့ရတာကို ပြန်တွေးမိသွားတယ်။
"ကောင်းပြီ.. ဒါဆိုလည်း အဲဒါကိုချေလိုက်ကြတာပေါ့.. မင်းလည်း ငါ့ကိုဟိုတယ်ခပေးစရာမလိုဘူး ငါလည်းမင်းကို လျော်ကြေးမပေးတော့ဘူး.. အဆင်ပြေတယ်မလား"
"ဟုတ်"
ပိုင်ကျန်း ပြုံးပြလာတယ်။သူက ကျိုးကြေသွားတဲ့အရုပ်ကိုငုံ့ကြည့်ပြီး ပြောလာပြန်တယ်။
"ဟန်ကော ခင်ဗျား ဒီရွံ့စေးရုပ်ကိုသဘောကျလား .. ကောသဘောကျရင် ကျွန်တော်တစ်ရုပ်ပေးမယ်လေ"
"မလိုဘူး ကျေးဇူး"
ဟန်ချောင်ရဲ့အမူကယာက ထူးမခြားနားရှိနေဆဲ။"ငါ အဲလိုဟာတွေကိုစိတ်မဝင်စားဘူး"
ပိုင်ကျန်းရဲ့အမူအယာက ထိုစကားကိုကြားတော့ နစ်မြုပ်သွားရတယ်။
"အမ်.. ကျွန်တော်က ကောကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးချင်တာပါ"
ဟန်ချောင် ရယ်မောလိုက်တယ်။
"ပိုင်ကျန်း.. ညစာစားပြီးချိန်တုန်းက ငါဘာပြောခဲလဲဆိုတာ မင်းမေ့သွားတာလား.. ငါပြောခဲ့တယ်နော် ငါမင်းရဲ့ညစာစားဖို့ဖိတ်ခေါ်တာကို လက်ခံမယ်ဆိုပေမဲ့ စားပြီးသွားရင်တော့ ငါတော့တွေ ဘာမှမသက်ဆိုင်တော့ဘူး တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်စရာကိစ္စမရှိတော့ဘူးလို့"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer